ပြုံးရောင်ဟပ်မျက်ဝန်း ၂

Začít od začátku
                                    

''အွန်း နေပါဦး သူက first သူ့ p' က second ဆိုတော့ ဘယ်လောက်ပဲ ကွာတာလဲ''

''အော် သူတို့က cousin ကွ တစ်နှစ်ကျော်ကျော်တော့ ကွာမှာပေါ့ သေချာမသိပါဘူး''

''မင်းကလည်း တစ်ရပ်ကွက်ထဲလည်း ပြောသေးတယ် မသိဘူးလား''

တစ်ယောက်ပီး တစ်ယောက် မိတ်ဆက်နေတုံး ကျွန်တော်တို့ နှစ်ယောက်က စကားပြောကောင်းနေသည်။ ကျွန်တော်မေးတာကို သူက

''ဟ တစ်ရပ်ကွက်ထဲပေမဲ့ ငါတို့က သိပ်မရင်းနှီးဘူး မေးထူးခေါ်ပြောပဲ ရှိတာ''

''အော်''

ဒါနဲ့ မိတ်ဆက်နေတဲ့ ကျောင်းသားတွေကို ပြန်ကြည့်နေလိုက်သည်။ ကျောင်းသားတွေက များတော့ တော်ရုံမပီးပေ အချိန်တော်တော််ကြာတော့ ပီးသွားသည်။ ဒါနဲ့ leader ဆိုတဲ့ p' က

''အေး ကျေးဇူးတင်ပါတယ် p' တို့ တစ်ကျောင်းလုံး ညီအစ်ကို မောင်နှမတွေ ဖြစ်သွားကြပီနော် အကူအညီလိုရင်လည်း ပြော အကူအညီလိုတဲ့ သူတွေရှိရင်လည်း ကူညီပေးဖို့ တောင်းဆိုပါတယ် ''

''ဟုတ်ကဲ့''

''ကဲ ဒါဆို p' တို့က မင်းတို့ကို ကြိုဆိုတဲ့ အနေနဲ့ မုန့်လေးတွေ စီစဉ်ထားတယ် nong တို့ ပေးလိုက်တော့နော်''

သူက အဲလိုပြောတော့ ဘေးမှာ ရပ်နေတဲ့ p' တို့က အနောက်က ခုံပေါ်တင်ထားတဲ့ အထုတ်တွေကို ယူပီး တစ်ယောက်ချင်းစီကို မုန့်ထုတ်တွေနဲ့ အအေးဘူးတွေ လိုက်ပေးနေသည်။ ကျွန်တော်တို့လည်း လိုက်ကြည့်နေလိုက်သည်။ ခဏနေတော့ ကျွန်တော်တို့ အနားကို p' နှစ်ယောက်ရောက်လာသည်။ ဒါန့ဲ လှဲ့ကြည့်လိုက်တော့ p' တစ်ယောက်က အအေးပေးပြီး တစ်ယောက်က မုန့်ထုတ်လှမ်းပေးသည်။ ကျွန်တော်တို့ လှမ်းယူလိုက်ပီး

''ကျေးဇူးနော် p'...''

တစ်ယောက်က
''အေး ရပါတယ်''

နောက်တစ်ယောက်က
''အကူအညီ လိုရင်ပြောနော် p' က may သူက nem မှတ်ထားနော် nong တို့ကရော''

''ကျွန်တော်က krist ပါ သူက fait ပါ''

''အော် အေးအေး ''

သူတို့က နောက်လူတွေကို နှုတ်ဆက်ပီး လိုက်ပေးနေသည်။ ကျွန်တော်တို့လည်း အအေးဖောက်သောက်လိုက်သည်။ ပီးတော့ leader p' က

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Kde žijí příběhy. Začni objevovat