Part 20 (U/Z)

582 23 23
                                    

"ပြန်တော့မှာလား မော်ကွန်း"

တံခါးဝသို့ ဦးတည်နေသော ကျွန်တော့်ခြေလှမ်းများကို ရပ်ပြီး အနောက်သို့ လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ မေဆုပြည့်မောင်က နေရာမှ ထ,ကာ ကျွန်တော့်အနားသို့ လျှောက်လာ၏။

"မနေ့က ဖေဖေ မန္တလေးက ပြန်ရောက်လို့ ထိုးမုန့်တွေ ပါလာတာ၊ ယူသွားပါဦး"

ကျွန်တော့်လက်ထဲသို့ ရောက်လာသော မုန့်ထုပ်များ ... ။ ငြင်းလည်း မရမှာမှန်းသိနေ၍ ကျွန်တော် မငြင်းတော့ဘဲ လက်ခံယူထားလိုက်သည်။ သူမက ဆံပင်ကို နားအနောက်သို့ ညှပ်ရင်း ကျွန်တော့်ကို ပြုံးပြ၏။

"နောက်တစ်ပတ်လည်း လာလို့ရလား"

"အာ... နောက်တစ်ပတ်ကျ အလုပ်ကလေးရှိလို့ အဆင်မပြေလောက်"

"ရပါတယ်"

"ငါ ပြန်တော့မယ်နော်"

သူမက ခပ်သွက်သွက် ခေါင်းညိတ်ပြသည့်အခါမှ ကျွန်တော်လည်း လှည့်ထွက်လာခဲ့သည်။ ခြံတံခါးဝသို့ ရောက်တော့မှ သူမ၏ အဖေနှင့် တွေ့ကာ နှုတ်ဆက်နေရသေးသည်။ နှစ်ပေါင်းများစွာ မတွေ့ဖြစ်သည့်သူများ တွေ့လျှင် မေ့လေ့ရှိသည့်မေးခွန်းများကို ကျွန်တော် အဖြေပေးရသည်။ စကားစက မပြတ်လို့သာ ရပ်ပြီး စကားပြောနေရတာ စိတ်ကတော့မပါလှ။ အိမ်သို့သာ စိတ်ရောက်နေသည်။

"အေးကွယ် ... ဦးတို့အိမ်လည်း လာလည်နော"

ကျွန်တော် ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီးမှ တစ်ဘက်သို့လှည့်ကာ စိတ်သက်သာရာရသလို လေပူတစ်ချက် မှုတ်ထုတ်မိသည်။ မြို့ငယ်လေး၏ ညနေခင်းကတော့ အရင်အတိုင်းပါပင်။ ယာဥ်အသွားအလာ အနည်းငယ်သာရှိလျက် မြူနှင်းတို့ဖြင့် ခပ်မှိုင်းမှိုင်းကလေးဖြစ်နေသည်။ ကျွန်တော် အိမ်သို့ ရောက်လိုဇောဖြင့် စက်ဘီးကို ခပ်သွက်သွက် စီးလာခဲ့သည်။ အိမ်သို့ရောက်တော့ ၃ နာရီ ထိုးနေပြီဖြစ်၏။ ထုံးစံအတိုင်းပင် ကျွန်တော် အပေါ်ထပ်သို့သာ ပြေးတက်ပြီး အခန်းထဲသို့ တန်းဝင်လိုက်သည်။ တံခါးကို တွန်းဖွင့်လိုက်တော့ ကုတင်ပေါ်တွင် ရင်ဘတ်ပေါ်သို့ လက်နှစ်ဖက် ယှက်တင်လျက် မျက်လုံးမှေးစင်းကာ အိပ်ပျော်နေသောသူကို တွေ့ရသည်။ ကျွန်တော် ကုတင်ပေါ်တွင် တက်ထိုင်လိုက်ပြီး ကိုကိုလေး၏ မျက်နှာကို နီးကပ်စွာ ငုံကြည့်လိုက်တော့ ကိုကိုလေး၏ နှာခေါင်းဝမှ ထွက်သွက်လေ ပူနွေးနွေးက ကျွန်တော်မျက်နှာကို လာရောက်ပွတ်တိုက်သည်။ လေပူတွေ။ ကျွန်တော် ရုတ်တရက် စိုးရိမ်သွားပြီး ကိုကိုလေး၏ နဖူးပေါ်သို့ လက်ဖဝါးက ချက်ချင်းရောက်သွားသည်။ ကိုကိုလေး ကိုယ်တွေ ပူနေတာပဲ။ ကျွန်တော် ရုတ်တရက် ဘာလုပ်ရမှန်းမသိဘဲ ထူပူသွားပြီး အောက်ထပ်သို့ ပြေးဆင်းကာ မေမေ့ကို ကိုကိုလေး ဖျားနေတယ်ဟု အော်ပြောမိ၏။

ကြယ်ပြာလေးသို့ တီးတိုးပြောသံWhere stories live. Discover now