Part 13 (U/Z)

520 32 3
                                    

"အစ်မတစ်ယောက်တည်းကျလည်း ကလေးကို စောင့်ရှောက်ဖို့ အဆင်ပြေမယ် မထင်ဘူး၊ ကျွန်တော့်သားလေးကလည်း ကလေးကို တော်တော်လေး သံယောဇဥ် ဖြစ်နေတာဆိုတော့လေ... အဲ့တာကြောင့် မွေးစားချင်တယ်လို့ ပြောတာပါ"

"ကျွန်မ နားလည်ပါတယ်... ဆရာရယ်၊ အမှန်တိုင်း ပြောရရင် ကျွန်မမှာလည်း ဒီတူလေးကို အဒေါ်အနေနဲ့ရော၊ အမေအနေနဲ့ရော သံယောဇဥ်တွယ်ရတာဆိုတော့ နှမြောသလို ဖြစ်နေတာပါ၊ ဒါပေမဲ့ ကျွန်မ လက်ထဲမှာဆိုရင်တော့ ကလေးအနာဂတ် လှမှာမဟုတ်ဘူးဆိုတာ သိပါတယ်"

"အဓိကကတော့ ကလေးရဲ့ ပညာရေးပါ အစ်မရယ်၊ ကလေးက ကျောင်းစာမလိုက်နိုင်နေတာ... ကျွန်တော့်လက်အောက်မှာ ထားပြီး သေချာလေး ဂရုစိုက်ချင်လို့၊ အိမ်မှာကလည်း မိသားစုက နည်းနည်းရယ်လေ၊ သုံးယောက်ပဲရှိတာဆိုတော့"

ဖေဖေ့ရက်လည်တွင် ပြောဆိုနေကြသော စကားသံများကို ကျွန်တော် အခန်းထောင့်တစ်နေရာမှ နေ၍ ကြားနေရသည်။ အနာဂတ်ဆိုသည်ကို ဒေါ်လေးနှင့် ဆရာကြီး တိုင်ပင်နေကြသောအခါမှသာ ကျွန်တော် တွေးမိတော့သည်။ ကျွန်တော့်အတွက် အနာဂတ်ဆိုသည်မှာ မည်သို့ရှိသနည်း။ မိဘမဲ့တစ်ယောက်အနေဖြင့် အနာဂတ်ဆိုသည်မှာ ဘယ်လောက်အထိ ခက်ခဲပင်ပန်းနိုင်ကြောင်း ကျွန်တော် ယခုမှပင် တွေးကြည့်မိသည်။ ယခုအချိန် မိသားစုဆိုသည်မှာ ကျွန်တော်နှင့် ဒေါ်လေး နှစ်ယောက်သာ ရှိတော့သည်။
ပုံမှန်ဝင်ငွေ ဆိုတာ ဘယ်မှာလဲ။
လုပ်ငန်းဆိုတာကရော ဘယ်မှာပါလဲ။ ကျွန်တော်နှင့် ဒေါ်လေး ဘယ်လို ဆက်ပြီး ရပ်တည်ရပါ့မလဲ။ အိမ်ထောင်ဦးစီးမရှိသည့်နောက်ပိုင်းတွင် မိသားစုတစ်ခုအတွက် ဘယ်လောက်အထိ ဒုက္ခပင်လယ်ဝေမည်ဆိုတာကို ကိုယ်တိုင်ကိုယ်ကျ နားလည်မိလိုက်တော့သည်။

"မော်ကွန်း ... "

ကျွန်တော့် ဘယ်ဘက်ပခုံးပေါ်သို့ ကျရောက်လာသော လက်တစ်ဖက်နှင့်အတူ ခေါ်သံကြောင့် ကျွန်တော် ခေါင်းစောင်းငဲ့၍ ကြည့်မိလိုက်သည်။

"ဖေဖေက မင်းကို မွေးစားမယ်ဆိုရင် မင်း လက်ခံမယ်မလား"

ကျွန်တော် အကြောင်းမဲ့စွာ အောက်နှုတ်ခမ်းကို အပေါ်သွားဖြင့် ခဲထားပြီးမှ...

ကြယ်ပြာလေးသို့ တီးတိုးပြောသံWhere stories live. Discover now