"ရစ် ရေ မင်းစောက်မျိုးတွေက တအားဆူတာဘဲ၊၊ ကိုယ်ဘာသာ လာထိန်းအုံး ၊နောက်နာရီဝက်နေရင် အစည်းအဝေး စတော့မှာ မင်းလာသင့်နေပြီ"
ဖုန်းကိုင်လိုက်ပြီဆိုတာနဲ့ တစ်ဖက်မှ ရိုင်းစက်မာန်၏ အသံကျယ်ကျယ်ကိုစတင်ကြားရသည်၊၊ အစည်းအဝေးက အဖွဲ့အစည်းနှစ်ခုစုပေါင်းလုပ်တာကြောင့် လူများပြီး တစ်ယောက်နဲ့တစ်ပေါက်နဲ့ဖြစ်နေမှာတော့သေချာသည်၊၊
"မာမီကို အရင်လွှတ်လိုက်မယ်"
ရိုင်းစက်မာန်ဖုန်းကို ဗာရစ် ချလိုက်ပြီး မာမီဘက်ကို လှည့်ကြည့်လိုက်သည်၊၊ မာမီကတော့ ပြောဆိုသဘောဖြင့် မေးဆတ်ပြသည်၊၊
"အစည်းအဝေးကို မာမီအရင်သွားနှင့် ကျုပ် နောက်မှ လိုက်ခဲ့မယ်"
"ဒါဆို မာမီကို ဖုန်းလှမ်းဆက်ပြီးရန်လေး အခြေအနေ ပြန်ပြောအုံး၊၊အစည်းအဝေး ပွဲကို အခုဘဲ မာမီသွားလိုက်မယ်"
မာမီထထွက်သွားပြီးနောက် ခွဲခန်းရှ့၌ ဗာရစ်တစ်ယောက်သာ ကျန်ရှိခဲ့သည်၊၊ ရင်တွေလည်းတုန်နေသလို စိတ်တွေလည်းလှုပ်ရှားနေသည့်အပြင် တစ်ခုခုကို ဆုံးရှုံး လိုက်ရမှာကိုလည်းစိုရိမ်နေသည်၊၊ ခံစားချက်ပေါင်းစုံရောထွေးနေပြီး လူက နေမထိထိုင်မထိ ဖြစ်နေ၏၊၊ ထို့ပြင် ကိုယ်ကို ကိုယ်ဘာဖြစ်ချင်နေမှန်းလည်း ဗာရစ်နားမလည်တော့
လွန်းရန်နဲ့ မျက်နှာချင်းဆိုင် ထိပ်တိုက်လည်းတွေ့လိုက်ချင်သလို မတွေ့ဘဲနဲ့ ဆက်၍လည်း ရှောင်ပုန်းနေချင်သည်၊၊ မျက်နှာလေးမမြင်ခင်က မုန်းပြစ်လိုက်မယ် စိတ်နာပြစ်လိုက်မယ် ဆက်မချစ်တော့ဘူးလို့ ကိုယ်ကို တင်းခံပြီး ကြွေးကြော် ထားသမျှ မျက်နှာလေးမြင်လိုက်ရတဲ့အချိန်ကျတော့ ထိုသို့သော ကြွေးကြော် ထားသမျှက တစ်ခဏအတွင်းပင် ပြေပျောက်လျက် အကြွင်းအကျန်ပင်မရှိတောချေ၊၊
လွမ်းသည်၊ ပွေ့ဖတ်ထားချင်သည်၊၊ မျက်နှာလေးမြင်လိုက်ရတာနဲ့အေးချမ်းရသည်၊၊ အရင်လို့ဘဲ ဘာမှမဖြစ်သလို ဆက်၍ ကပ်တွယ်နေချင်၏၊၊ ဆက်ပြီးတွန်းထုတ်နေအုံးမည်ဆိုရင်တောင် အမှတ်သည်းခြေမရှိတဲ့လူလိုမျိုး ကပ်တွယ်နေအုံးမည်၊၊
![](https://img.wattpad.com/cover/351833754-288-k153208.jpg)
39(uni)
Start from the beginning