ဖြစ်ပုံကတော့သည်လိုပင်။မနက်နိုး၍‌ရေမိုးချိူး ‌အန်တီသီမြင့်ပြင်ပေးသော မနက်စာအားထိုင်စားကာ အဖေနှင့်စကားပြောနေသော သွန်းမင်းနောင်အားစောင့်ပေးသည်။ထို့နောက်လုပ်စရာရှိတာ လုပ်ပြီး၍ မြစိမ်းရောင်ခြံတံခါးအားဖွင့်လိုက်သည်နှင့် အမဲရောင်လက်ကိုင်အိတ်အားကိုင်ကာ နူးညံ့သောအပြုံးဖြင့်ရပ်စောင့်နေသော ထိုကောင်ကလေးအားတွေ့လိုက်ရခြင်းဖြစ်သည်။

သွန်းမင်းနောင်သည်သူ၏သူငယ်ချင်းအသစ်စစ်ခွန်းဆက်ဆိုကာ မိတ်ဆက်ပေးလာသောကြောင့် အပြန်အလှန်မိတ်ဆက်ကာ ကျောင်းသို့တူတူသွားကြသည်။သို့သော် စစချင်းမြင်ရသည့်နူးညံ့ငြင်သာကာ ဆွဲဆောင်မှုရှိသောအပြုံးလေးကြောင့် ထိုကောင်ကလေးအားအကောင်းမြင်နေသော စည်သူ၏အတွေးများတောင်ပျောက်ရှသွားရသည့်အဖြစ်မှာ အပေါ်ပါအတိုင်းပင်။ဘယ်လောက်ဘဲခံစားချက်မရှိ၊အတွေးရေရေရာရာမသိရသော ထို‌ကျောချမ်းစရာမျက်လုံးသေကြီးများမှာ ကောင်းသောနမိတ်မဟုတ်မှန်းတော့ စည်သူသတိထားမိပါသည်။

'ဒါကသတိပေးချက်ဘဲ!! မွေးမိခင်‌ကျေးဇူးရှင်မေမေရယ် သားနောက်ထပ်တွေ့နိုင်ခဲ့ရင် အမေ့ကိုဦးချကန်တော့ပါ့မယ် ဒါကြောင့်ဒီနေ့လေးတော့ရှင်သန်ခွင့်ပေးပါ! အဟင့်!"

စည်သူ၏‌ဘေးသို့တစ်ဖြည်းဖြည်းဝေးဝေး‌သွားသော အကွာအဝေးကြောင့် သွန်းမင်းနောင်နားမလည်ဖြစ်ရသည်။သူလမ်းတစ်လျှောက်စကားတွေအများကြီးသာ ပြောလာပေမယ့်ထိုသေနာကတော့ဘာမှမပြော၊မနက်ခင်း‌လေစိမ်းတိုက်ချိန်မို့အေးနေရမည့်အချိန်တွင် မပူဘဲချွေးကထွက်နေသေးသည်။ထို့ကြောင့်သူ့အားအရေးမစိုက်တော့ဘဲ စစ်ခွန်းဆက်နှင့်စကားပြောတော့မှသာ ပြန်ကပ်လာသောစည်သူအား မျက်စောင်းတစ်ချက်ထိုးလိုက်သည်။

"ငါအရင်သွားတော့မယ် မင်းတို့စကားများများပြောနှင့်ကြနော်"

ဆိုကာလှစ်ခနဲပြေးထွက်သွားသောစည်သူ။သွန်းမင်းနောင်၏ခေါင်းပေါ်တွင်တော့?ပုံစံများစွာဖြင့်သာ ကျန်ရစ်ခဲ့ရသည်။ထို့ကြောင့်သွန်းမင်းနောင်သည် စစ်ခွန်းဆက်နှင့်သာစကားပြောနေလိုက်သည်။စစ်ခွန်းဆက်သည် ပြေးထွက်သွားသောသေနာနှင့်မတူ။မိမိ၏စကားအားသေချာနားထောင်ကာ ထောက်ခံဟန်စကားများပြောပေးသည်ဖြစ်သောကြောင့် သွန်းမင်းနောင်မှာအကျေနပ်ကြီးကျေနပ်နေတော့သည်။

ကိုယ့်ရဲ့ငှက်ကလေး OC(Unicode and Zawgyi)Où les histoires vivent. Découvrez maintenant