"မောင် မင်းဘာသာသွားလိုက်လေ ငါတစ်ယောက်ထဲနေချင်သေးလို့ နောက်ပြီး လူရှုပ်တဲ့နေရာဆီမသွားချင်ဘူး"
"မောင်တို့ကလေးအတွက်ကြိုဆိုပွဲလေ အိမ်အောက်ဆင်းပြီး လွန်းရန်ကမနှုတ်ဆက်လို့ဘယ်ဖြစ်မလဲ"
ဗိုက်ကသုံးလကျော်လေးလထဲဝင်လာသည်နှင့်အမျှ ခန္ဓာကိုယ်တစ်ခုလုံးက ဟိုနေရာက တဆစ်ဆစ်ကိုက်ခဲလိုက် ဒီနေရာကတစ်ဆစ်ဆစ်ကိုက်ခဲလိုက်နဲ့ပင်ဖြစ်လာသည်၊၊ လှုပ်လှုပ်ရှားရှားလည်းမလုပ်ချင်သလို ဆူညံ့နေသောဒဏ်ကိုလည်းမခံနိုင်၊၊ အဆိုးဆုံးကတော့ တစ်ခါတလေ ရစ်ကိုတောင် ရန်အနား ခေါ်မထားချင်တာပင်၊၊ တစ်ယောက်ထဲ အေးဆေးနဲ့ လွတ်လွတ်လပ်လပ်သာနေချင်သည်၊၊ ထို့ကြောင့် ဆူညံ့ပြီးလူတွေရှုပ်ယှက်ခက်နေတဲ့ အိမ်အောက်ကို ရန်မသွားချင်တာဖြစ်သည်၊၊ မနက်စာနဲ့နေ့လယ်စာတောင် အခန်းထဲကိုဘဲယူစားတာဖြစ်သည်၊၊
ညမမှောင်ခင် ညနေထဲက ရန် အိမ်အောက်မဆင်းတော့ဘူးလို့ပြောထားတာတောင် ရစ်က လက်လျော့မည်ပုံမပေါ်၊၊ ရန် ကုတင်ပေါ်ကမထမခြင်း အခန်းထဲကဆိုဖာမှာထိုင်စောင့်ကာ တစ်နာရီခြားတစ်ခါကို အိမ်အောက်ဆင်းဖို့ခေါ်နေတာဖြစ်သည်၊၊ ရစ်ကတော့ အကုန်ပြင်ဆင်ပြီးလို့ သွားဖို့အဆင့်သင့်အနေအထားသို့ဖြစ်နေသည်ဆိုပေမဲ့ ရန်ကတော့ဘာမှမလုပ်ရသေး၊၊ အစထဲက ညစာ စားပွဲမတတ်ဘူးလို့ ရန် ပြောထားတာကြောင့်လည်း ဘာမှမပြင်ဆင်ဖြစ်၊၊ စိတ်ထဲလည်း ညစာ စားပွဲကို သွားဖို့အစီအစဉ်မရှိ၊၊
"လွန်း ရန် ခဏလောက် အောက်ဆင်းရအောင် ခဏဘဲလေနော် လွန်းရန်"
"မောင်ရာ ငါမသွားချင်ပါဘူးဆို"
"လွန်းရန် ဒီပွဲက ညစာ စားပွဲအတွက်ဘဲမဟုတ်ဘူး၊ မောင်တို့ဆီရောက်လာမဲ့ မောင်တို့သွေးသားကိုကြိုဆိုတဲ့ပွဲလည်းဟုတ်တယ်လို့ မောင်ပြောထားတယ်လေ လွန်းရန်၊ ခေါင်းမာ မနေဘဲလိုက်ခဲ့တော့"
မောင် က စကားပြောရင်းနဲ့အသံကတဖြည်းဖြည်းတင်းမာလာသည်၊၊
"ငါမသွားချင်ဘူးလို့အစထဲက ပြောပြီးသား၊နောက်ပြီးဒီပွဲကိုလည်း ငါကို မမေးမမြန်းသလိုအသိပေးတာလည်းမရှိဘဲ မင်းတို့ဘာသာထလုပ်တာမောင်၊ အခု မှငါကိုမင်းလေသံမာမာနဲ့ပြောစရာမလိုဘူး"
32(Zawgyi )
Start from the beginning