Part 1(1/3)

Mulai dari awal
                                    

ချန်ယန်က သူ အိပ်ပျော်သွားမှာကြောက်တာကြောင့် ဖုန်းကို အလန်းပေးလိုက်တယ်။ ပြီးတာနဲ့ အိပ်ယာခင်းတစ်ထည်ကို အိတ်ထဲကနေ ထုတ်ပြီး သက်တောင့်သက်သာရှိမယ့် နူးညံပျော့ပျောင်းတဲ့ ညဝတ်တစ်ထည်ကို လဲဝတ်လိုက်တယ်။

မျက်လုံးမှိတ်ပြီး မကြာခင်မှာပင်ပဲ အရမ်းကို အိပ်ငိုက်လာတယ်။

ဖုန်းကနေ နှိုးစက်သံမြည်လာမှပဲ ချန်ယန်တစ်ယောက် အိပ်ရာကနေ နိုးလာတော့တယ်။ သူက လက်နှစ်ဖက်ကို ဆန့်တန်းပြီး အကြောဆန့်လိုက်တယ်။

ကောင်းကောင်းအိပ်စက်ပြီးတဲ့နောက်မှာ ပိုကောင်းလာသလို ခံစားခဲ့ရပေမယ့် အချိန်က သေချာဇိမ်ခွင့်မပြုဘူးလေ၊ မဟုတ်ရင် ချန်ယန်က အေးအေးဆေးဆေး ရေချိုးချင်နေသေးတာ။

ဒါပေမယ့် ရေချိုးတာနဲ့ ယှဉ်ရင် ဗိုက်က ပိုအရေးကြီးတယ်။

နေ့လယ်က ဘာမှ သိပ်မစားဖြစ်ဘူး။ စတိုးဆိုင်က ဝယ်လာတဲ့ ပေါင်မုန့်တချို့ဘဲ စားခဲ့ရတာ။ ချန်ယန်က အိပ်ယာပေါ်ကနေ ထလိုက်ပြီး သူ့ဗိုက်ကို ကိုင်ကာ ခနနေ ဗိုက်ပြည့်သွားမှာပါလို့ ပြောလိုက်တယ်။

ရှုပ်ပွနေတဲ့ စောင်ကို ခေါက်ပြီးတာနဲ့ ချန်ယန်က ရိုးရှင်းပြီး ပေါ့ပေါ့ပါးပါးဖြစ်မယ့် အားကစားဝတ်စုံတစ်စုံကို ရှာဖွေပြီး ဝတ်ဆင်လိုက်တယ်။ ရေချိုးခန်းထဲကို ဝင်သွားပြီး မျက်နှာသစ်ကာ ဆံပင်ကို သပ်ရပ်အောင်လုပ်နေရင်း မှန်ထဲက ချောမောလှပတဲ့ မျက်နှာလေးကို ကြည့်လိုက်တယ်။ ချန်ယန်ရဲ့နှုတ်ခမ်းတွေက တွန့်ကွေးသွားပြီး အချိန်အကြာကြီး တွေဝေနေတယ်။

သူက သူ့အသွင်အပြင်နဲ့ပတ်သတ်ပြီး အတော်လေး ရှင်းရှင်းလင်းလင်းကို နားလည်တယ်။ သူ ဂိမ်းတိုက်ရိုက် ထုတ်လွှင့်ရင် သူ့သူငယ်ချင်း အတော်များတွေက သူ့မျက်နှာကို ပြခိုင်းတယ်။ သူ့မျက်နှာကို ပြနေသ‌‌ရွေ့ ဘယ်လောက်ပဲဆိုးအောင်ဆော့နေပါစေ ပရိတ်သတ်တွေ အများကြီးကို ဆွဲဆောင်နိုင်မယ်တဲ့။

ဒါပေမယ့် ချန်ယန်ကတော့ လုံးဝငြင်းဆိုခဲ့တယ်။ သူ့မျက်နှာက ဘယ်လောက်ကြာကြာ ကောင်းနေနိုင်မှာလဲ၊ အဲ့ဒါ့အပြင် သူက ဂိမ်းကို ကောင်းကောင်းဆော့နိုင်တယ်လို့ သူ ထင်တယ်။ အဲဒီနယ်ပယ်က ပရော်ဖက်ရှင်နယ်ကစားသမားတွေကို အမှီမလိုက်နိုင်သေးပေမယ့် ဂိမ်းတိုက်ရိုက်ထုတ်လွှင့်မှုနဲ့တော့ သူ အသက်မွေးဝမ်းကြောင်းပြုနိုင်ပါသေးတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာTempat cerita menjadi hidup. Temukan sekarang