"အရှင်မရဲ့ဘေးမှာ ယိုအာကိုတွေ့ခဲ့ပါတယ်....အချက်ပြခဲ့တာမို့ အရှင်နေကောင်းတဲ့အခါ ယိုအာကိုသွားမေးကြည့်ရင် အကြောင်းစုံသိရမှာပါ....အရှင်မက ယိုအာကိုတော့ ကောင်းကောင်းမွန်မွန်ထားပုံရတာမို့ ကျွန်တော်တို့ မျှော်လင့်ချက်ရှိပါသေးတယ်''

"ယိုအာနဲ့အတူရှိနေတာလား....သူအဆင်ပြေတယ်ကြားရလို့ဝမ်းသာမိတယ်...ငါတို့အမြန်ဆုံးသွားတွေ့ကြမယ်''

မျှော်လင့်ချက်မဲ့နေတဲ့ ဝမ်ရိပေါ်ရဲ့မျက်ဝန်းတွေဟာ ထိုအခါမှသာ အရောင်တောက်လာတယ်။
.
.
.
ရေပူရေအေးအနေတော်စပ်ထားတဲ့ ရေထဲကို လှပတဲ့ခြေတံရှည်လေးတွေ ဝင်ရောက်ပြီးနောက် ရေလှုပ်ခတ်သံသဲ့သဲ့လေး ခနတာထွက်ပေါ်ကာ ပြီးနောက် တဖန်ငြိမ်သက်သွားတယ်။ ရေထဲကလူဟာ
အတွေးကယက်မှာ ငြိမ်သက်လို့။
ရှောင်းရဲ့စိတ်ထဲမှာ သူပစ်ပေါက်တာခံလိုက်ရတဲ့ ဝံပုလွေညိုကြီးကသာ စိုးမိုးနေတယ်။ သွေးတွေအန်ပြီး ငြိမ်သက်သွားတာကို မြင်လိုက်ရတဲ့ခန နှလုံးသားရဲ့တစ်နေရာက စူးအောင့်လာတာဘာကြောင့်လဲ။ အလိုလိုဝမ်းနည်းလာမိတာ၊ ပြေးယူထွေးပွေ့လိုက်ချင်တာတွေ ဘာကြောင့်လဲ။
သူလိုမျိုးနွယ်တူတစ်ယောက်ကို တွေ့လိုက်ရတာမို့လား။ မဖြစ်သင့်ပါ သူ့စိတ်ကိုပျော့ညံ့စေသူနဲ့ ဝေးဝေးနေရမယ်။
သူ့ဘဝလည်း လွယ်ကူခဲ့တာမှမဟုတ်တာ အရှင်ရိစ်က သူ့ရဲ့အတိတ်ဘဝမှတ်ဉာဏ်တွေ မေ့ပျောက်စေချင်တာ သူသိတယ်။
သူ့ကိုဗလေဒီယာဆိုတဲ့ နာမည်ပေးခဲ့စဥ်တုန်းက သူ့နာမည်ပါအောင် မနည်းအတိုက်ခံလုပ်ခဲ့ရတာ။ သူ့ဘဝသူကာကွယ်ဖို့ သန်မာရမယ် ၊ရက်စက်သင့်ရင်ရက်စက်၊ ပြတ်သားသင့်ရင်ပြတ်သားရလိမ့်မယ် မဟုတ်ရင် ရက်စက်လှတဲ့ဒီနေရာကြီးမှာ အနင်းခြေခံဘဝနဲ့အဆုံးသတ်သွားမှာပေါ့။ ဒါတွေဟာ ဒီမှာနေစဥ်ကာလအတွင်း သူသင်ယူတတ်မြောက်ခဲ့ရတဲ့ ဘဝသင်ခန်းစာတွေပဲ။
အင်ပါယာအရှင်ရဲ့ အလေးပေးခြင်းကိုရပြီး သက်တောင့်သက်သာ နေနေရသည့်တိုင် တစ်ခုခုကအမြဲလိုနေတုန်းပဲ။

ဒေါက်....ဒေါက်....

"ဘာကိစ်စလဲ''

"ရှောင်းအရှင်....အင်ပါယာအရှင်က အခေါ်ရှိပါတယ်''

ဝံပုလွေတို့ရဲ့ဧကရာဇ် Where stories live. Discover now