Patr 42 💭 (U)

Začít od začátku
                                    

"သမီးကိုမွေးစားမယ်လို့ပြောတဲ့အိမ်က အကိုလေးပါ "

"အဲ့တာဆို သမီးရဲ့ကျေးဇူးရှင်ပေါ့"

တူမဖြစ်သူက မေမေကြီးဘဘကြီးနှင့် အကိုလေးဆိုသူက တူမလေးကိုအရမ်းဂရုစိုက်သည့်အကြောင်း ဘယ်လိုတွေချစ်ကြ အလိုလိုက်ကြသည့်အကြောင်းပြောလေ့ရှိသည်မို့ ထိုတူလေးကို ချက်ချင်းပင်သဘောတွေကျသွားရတော့သည်။

ယခုမှ ကောင်မလေးရဲ့ဒေါ်လေးဖြစ်သူဟာ ပြာယာခက်သွားကာ ထရပ်လိုက်လေသည်။

"မောင်ညိုဖယ်စမ်းဖယ်စမ်း လာနေရာချင်းလဲထိုင်ချည်"

"ဟုတ်ကဲ့အရီးမြ"

ဒါမှဒုက္ခပဲ အရီးမြဆိုသူက နေရာလဲတော့ ကောင်မလေးဘေးသို့ အေးချမ်းဆိုသည့်ကောင်ကရောက်သွားလေသည်။ ကိုယ့်ကောင်မလေးအနား ဘယ်သူမှထိုင်တာ မကြိုက်ပါဘူးဆိုကွာ။

"သမီးလေးအပေါ်ဂရုစိုက်ပေးကြလို့အရီးမြက ကျေးဇူးတင်ပါတယ်ငါ့တူရယ်"

"ကျွန်တော်တို့က ကောင်မလေးကိုမိသားစုအရင်းတွေလို့ကိုချစ်တာပါဗျ ရပါတယ်မိသားစုတွေပဲလေ"

"အေးပါကွယ် အေးပါ "

ယခုထိ ဘာစကားမှဝင်မပြော ငြိမ်ငြိမ်လေးထိုင်ကာကြည့်နေသည့်ကောင်မလေးကို ကွန့်မြူးမျက်စိတစ်ဖက်မှိတ်ပြလိုက်တော့ မျက်လုံးလေးကလည်ကလည်နှင့်ရှိနေလေသည်။

"ညီမလေးကူကူ ကိုကိုမျက်နှာသစ်ချင်လို့ ရေရှိတဲ့နေရာလေးလိုက်ပို့ပါလား"

ရွှေကူမှာ အံဩရသည့်အဖြစ်က အတော်များလေရာ ယခုအခါမှာတော့ ပို၍တောင်အံဩရလွန်းလို့ အသက်တောင်ရှုဖို့မေ့ရသည်။

"သမီး သွား လိုက်ပြလိုက်အုံးသွား နောက်ဖေးမှာအုတ်ကန်လေးရှိတယ်"

"ရွှေကူ ရွှေကူ.. အရီးပြောနေတယ်လေ"

"ဟုတ် ဟုတ် "

ရွှေကူရှေ့မှဦးဆောင်၍သာ ခေါ်လာရသည် အတွေးက အစောကခေါ်လိုက်သည့် နာမည်နှစ်ခုတွင်သာ အတွေးတွေရောက်နေရသလို ပြန်ကြားယောင်မိတိုင်း ကြက်သီးလေးတွေတောင်ထရသည်။

"အကိုလေး "

"အမလေး..လန့်တာကွာ "

"ဟွန့်.."

True Love 💭 (Completed)Kde žijí příběhy. Začni objevovat