ဒေါက် ဒေါက်!!


အတွေးထဲနစ်နေတုန်း တံခါးခေါက်သံက  ခပ်တိုးတိုးထွက်ပေါ်လာသည်၊၊ ထို့နောက် ရန်က ဝင်ခဲ့ပါလို့ ဆိုလိုက်လေတော့ တံခါးအသာတွန်းဖွင့်လျက်ဖြင့် မင်းသန့်က ဝင်လာခဲ့သည်၊၊ မင်းသန့် ဒီလို နူးညံ့နေတာက  အခန်းထဲ ရစ် ရှိတယ်လို့ ထင်နေလို့ပင်၊၊  မင်းသန့်တို့စရောက်တဲ့နေ့တုန်းကဆို     ရစ်က လုံးဝ အိမ်ပေါ်မှာ အနေမခံ၊၊   မင်းသန့်ကို ပြဿနာရှာလိုက်တာဆိုတာများ    တစ်နာရီခြားတစ်ခါလောက်လိုပင်၊၊  ဒီနောက်ပိုင်းတွေမှ ရန်က ဝင်တား ထားတာကြောင့်သာ  ရစ်က  ပြဿနာမရှာဘဲ ငြိမ်ကျသွားတာဖြစ်သည်၊၊ အစ်ကိုနဲ့  ရည်စားကြား  ဗျာများနေတဲ့ ရွန်ကိုလည်း တစ်ခါတစ်လေ ရန်တော်တော်သနား၏၊၊သူ  နှယ်ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ  မျက်နှာမကောင်းစွာနဲ့သာ  အမြဲ ဘေးထွက်ရပ်ကြည့်နေရတာ ဖြစ်သည်၊၊



"  အစ်ကို  နေ့ကောင်းပြီးလား"


"ကောင်းပါတယ်၊၊ဒါနဲ့မင်းပြောစရာရှိလို့လာတာလား"



ရန်မေးတော့ မင်းသန့်က ခေါင်းညိတ်ကာပင် ကုတင်စွန်းတစ်ဖက်၌ ဝင်ထိုင်သည်၊၊ရန်ကတော့ ကုတင်ခေါင်းရင်းကို မှီထိုင်နေတာဖြစ်၏၊၊ဘာကြောင့်ဆို  နည်းနည်းလှုပ်တာနဲ့နာနေသော အောက်ပိုင်းကြောင့်  မလှုပ်နိုင်ဘဲ ဒီတိုင်းသာ ခပ်ဖြည်းဖြည်းမှီထိုင်နေရခြင်းဖြစ်သည်၊၊  တစ်ခါတစ်လေ ရန် ကိုယ်ကိုကိုယ် အောက်ပိုင်းသေသွားတဲ့လူလို့တောင်  ထင်မိတဲ့အထိ ဖြစ်ရသည်၊၊  အိပ်ယာပေါ်မှာဘဲ ဒီလိုပုံမျိုးနဲ့ ထိုင်နေရင် ထိုင်နေ ဒါမှမဟုတ် လှဲနေရင်လှဲနေရတဲ့ ရက်တွေက နည်းနည်းများလာပြီ၊၊




"  အစ်ကို   ရွှန်းလဲ့ဝေဆာကိုသိလား"


"အင်းသိတယ်၊၊ဘာဖြစ်လို့လဲ"


"သူက  မာဗာရစ် အဖေသေဆုံးမှုမှာ  ပါဝင်ခဲ့တဲ့သူ၊နောက်ပြီး အရင် ကျွန်တော်ဒီကိုမရောက်ခင်က  ရွှန်းလဲ့ဝေဆာနဲ့ သူအဖေ အသက်ခံလိုက်ရတယ်၊၊ အဲ့တာက မာဗာရစ် သတင်းအသည်းအသန်လိုက်စုံစမ်းနေလို့ လက်ကျန်သက်သေကို ဖျောက်ပြစ်လိုက်တာ ၊၊  နောက်ပြီးမာဗာရစ် အဖေသေဆုံးမှုက ဘယ်သူကြိုးကိုင်တယ်လို့ အစ်ကို ထင်လဲ "



My  Stranger   Husband   RICKWhere stories live. Discover now