Ep.1 (uni)

2.8K 102 22
                                    


ကောင်းကင်တိမ်တိုက်များကြားမှ မြင်နေရတဲ့
မြို့ငယ်လေး။ အနိမ့်အမြင့်မတူညီတဲ့ မြေမျက်နှာသွင်ပြင်ကြောင့် အိမ်လေးတွေမှာ လှိုင်းတွန့်များကြား လူးလွန့်နေသလို။
ချစ်စရာမြို့ငယ်လေးဟာ သူတို့ရဲ့ဦးတည်ရာပန်းတိုင်တော့ မဟုတ်ပေ။
လေယာဥ်မဆင်းသက်မှီ မြောက်စွန်းစွန်းကို ကြည့်မိတော့ ရင်ထဲခံစားချက်တို့က ထူးဆန်းလို့။

ဒီခရီးဟာ ညီငယ်လေးရဲ့ဆန္ဒကြောင့် ဖြစ်တည်လာတဲ့ ခရီးဆိုရင်မမှားပါ။
ဝမ်ဖေဖေရဲ့ မင်းအစ်ကိုကြီးမပါရင် မသွားရဘူးဆိုတဲ့ တစ်ချက်လွှတ်အမိန့်အောက်မှာ သူလည်းမနေသာတော့။ သူတို့ညီအစ်ကိုနှစ်ယောက်အပြင်
ညီငယ်လေးရဲ့သူငယ်ချင်းတွေဖြစ်တဲ့ ဟောက်ရွှမ်းနှင့်ဖန်ရှင်းပါ ပါလာကြတယ်။ အမှန်တော့ ဝမ်ငယ်က ဘယ်သူ့ကိုမှလိုက်စေချင်တာမဟုတ်။ ဝမ်ဖေဖေရဲ့စိတ်မချမှုကြောင့်သာ သူနဲ့သူငယ်ချင်းတွေ လိုက်ခွင့်ရခဲ့တာ။ ဝမ်ဖေဖေစိတ်ပူမယ်ဆိုလည်းပူစရာ သူတို့တစ်ခါမှမရောက်ဖူးသလို ကြားတောင်မကြားဖူးတဲ့နေရာ။ လူသူအရောက်အပေါက်နည်းကာ ဝေးလံခေါင်သီသော နယ်စွန်နယ်ဖျားကို ဘယ်မိဘက စိတ်ချပါ့မလဲ။

လေယာဥ်ပေါ်ကဆင်းလာတဲ့ ကောင်ချောလေးတွေကို နယ်ခံတွေကတော့ မသိမသာရော သိသိသာသာပါ သတိထားကြည့်နေကြတာ သူတို့သိနေပေမယ့် ထိုလူတွေအတွက် အချိန်မပေးနိုင်ပါ။
ခရီးဆောင်အိတ်တွေ ဘေးမှာချရင်း ကျောပိုးအိတ်ကို ကောက်လွယ်ကာ မြို့အခြေနေကို အကဲခတ်ကြရပြန်တယ်။
လေယာဥ်နဲ့ သက်တောင့်သက်သာ သွားနိုင်တဲ့ခရီးဟာ ဒီမြို့လေးနောက်ဆုံးဆိုတဲ့အသိက လူကိုလေးလံစေတယ်။ သူတို့ရှေ့ခရီးဆက်နိုင်ဖို့ လမ်းပြငှါးမှ ဖြစ်တော့မှာ။ မြေပုံလေးတစ်ခုနဲ့ အလုပ်မဖြစ်တော့။
.
.

"ဒီမြို့မှာပဲ လမ်းပြငှါးကြတာပေါ့ ''

ဝမ်ဟွိုက်ခွမ်းက အစ်ကိုကြီးပီပီ အဖွဲ့ကို သူပဲဦးဆောင်ပေးခဲ့တယ်။
လမ်းပြတာဂိုဆိုတဲ့လူကို ရှာရခဲ့တယ်။
ထိုလူ့ပုံစံက နှာခေါင်းကောက်ကောက်၊ ဆံပင်ကောက်ကောက်နဲ နားရွက်တစ်ဖက်မှာလည်း ပြောင်းလက်နေတဲ့ စတီးကွင်းတစ်ခုဝတ်ထားသေးတယ်။ စကားပြောရင်အသံကျယ်ကျယ်နဲ့ အာကောင်းကာ အတော်လေးလူရည်လည်ပုံရတယ်။

ဝံပုလွေတို့ရဲ့ဧကရာဇ် Where stories live. Discover now