(58)

739 148 4
                                    

Unicode

ပင်လယ်လှိုင်းပုတ်သံက ခပ်သဲ့သဲ့ထွက်ပေါ်နေသည်။ ပင်လယ်၏ဆားငန်ရေအနံ့နှင့် အတူသိမ်မွေ့သည့်လေပြေမှာ ဝေ့ဝဲတိုက်ခတ်နေ၏။ တိမ်ကင်းစင်ပြီးကြည်လင်သည့်မနက်ခင်းတွင် မြင့်မြင့်သွယ်သွယ်ပုံရိပ်တစ်ခုက တစ်စုံတစ်ခုကိုတရွတ်တိုက်ဆွဲလျက် သဲသောင်ပြင်ပေါ်တတ်လာသည်။

ရဲ့ချင်က သဲသောင်ပြင်ထက်သို့ရောက်သည်နှင့် ခြေထောက်ကနေဆွဲလာသည့်ကွေ့ကျန်းကို ချက်ချင်းလွှတ်ချလိုက်သည်။ ပွပွယောင်းယောင်းအဝတ်မှာ သူ့ခန္ဓာကိုယ်ထက်တွင် ရေနဲ့အတူကပ်ရပ်နေပြီး သွယ်လျသည့်ခါးနှင့် လှပသည့်ခြေတံရှည်တွေကိုဖော်ပြနေသည်။ ဖြူဖွေးဥနုသည့်အသားအရေထက်တွင် ရေစက်လေးတွေသီးနေပြီး လိပ်ပြာတောင်ပံညှပ်ရိုးအချိုင့်လေးထဲတွင် သေးငယ်သည့် ရေအိုင်လေးရှိနေသည်။

ရဲ့ချင်က မျက်နှာသေဖြင့် စိုရွှဲနေသည့်သူ့ဆံပင်တွေကို သပ်တင်လိုက်သည်။ နေရောင်အောက်တွင် ဖြူဝင်းသည့်မျက်နှာလှလှလေးမှာ တောက်ပစွာထွက်ပေါ်လာ၏။ စိုရဲနေတဲ့နှုတ်ခမ်းတစ်စုံကိုတင်းတင်းစေ့ထား၍ မက်မွန်သီးသဏ္ဍာန်မျက်ဝန်းနက်တွေမှာ တစ်နည်းတစ်ဖုံဖြင့်စိတ်အနှောင့်အယှက်ဖြစ်မှုကိုဖော်ပြနေခဲ့သည်။ သေးငယ်သည့်ရေစက်လေးတွေတွဲခိုနေသော မျက်တောင်ရှည်ကြီးကိုစင်းချလိုက်ပြီး စိုရွှဲနေသည့်သူ့ခေါင်းကို ခါလိုက်သည်။ ရှင်းလင်းသည့်နေရောင်အောက်တွင် ဆံနွယ်တစ်ချောင်းချင်းဆီက ရေစက်လေးတွေမှာ အနုပညာဆန်ဆန်လွင့်စင်သွား၏။

အစိတ်အပိုင်းတစ်ခုဆီတိုင်းက သေလောက်သည့်ဆွဲဆောင်မှုတို့၏ပြုရုတ်အလားပင်။ ၎င်းကသာမန်အပြုအမူတစ်ခုသာဖြစ်သော်လည်းပဲ ရူးလောက်သည့်ညှို့ငင်နိုင်စွမ်းတွေ ကိန်းအောင်းနေသည်။

ရဲ့ချင်က မျက်ဝန်းသေတွေဖြင့် ကမ်းစပ်က ကျောက်ဆောင်တွေရှိရာဘက်လှည့်ကြည့်လိုက်သည်။ ဖြောင့်စင်းတဲ့ခြေတံရှည်တွေက ကျောက်ဆောင်တွေရှိရာဘက်သို့ဦးတည်လာပြီး အတတ်အကျမရှိသည့်အသံဖြင့် ပြောလိုက်သည်။

"ထွက်လာခဲ့...."

ပတ်ဝန်းကျင်က သက်ရှိတစ်စုံတရာမရှိသလိုမျိုးတိတ်ဆိတ်နေသည်။ စက္ကန့်ပိုင်းမျှကြာမြင့်သည်အထိ ငြိမ်သက်နေပြီးနောက်တွင် ကျောက်ဆောင်နောက်ကနေ လုံးဝိုင်းသည့်ခေါင်းလေးတစ်ခုပြူထွက်လာခဲ့သည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now