(28)'မီးတောင်'

3.1K 412 10
                                    

Unicode

စွင်းယန်က သူဘယ်ကနေဘယ်လိုဂူထဲရောက်လာပြီး ပြန်ပေးဆွဲခံထားရသည့် အူကြောင်ကြောင်အတန်းဖော်က သူ့ဘေးနားရောက်နေမှန်းမသိပေ။ စွင်းယန်၏ သိချင်စိတ်ပြင်းထန်လွန်းသည့်မေးခွန်းကို ရဲ့ချင်က ရှင်းပြသည်။ သူပြောတာက မီးဖီးနစ်နဲ့၊ အပြာရောင်-ခွေး ပြန်ဆုံပြီးနောက်တွင် ထိုနှစ်ကောင်နဲ့ ရန်ညှိုးရှိဟန်ပေါ်သည့် နောက်ထပ်မှော်သားရဲတစ်ကောင် ပေါ်လာပြီး အချင်းချင်းတိုက်ခိုက်နေသည့်အချိန် လစ်ထွက်လာခဲ့တာဟူ၍။

ပြီးနောက် စွင်းယန်ကိုလိုက်ရှာရင်း တိုက်ခိုက်သံကြားသည့် နေရာသို့ဦးတည်လာရာမှ ကြီးမားလွန်းသည့် ကျောက်တုံးခန္ဓာကိုယ်ကြီးအနားတွင် သတိလစ်နေသည့် စွင်းယန်ကိုပြန်တွေ့ခဲ့ခြင်းဖြစ်ကြောင်း ပြောင်လိမ်လိုက်သည်။ သူပြောသည့်စကားတွင် ဟာကွက်တွေအများကြီးရှိသော်လည်းပဲ စွင်းယန်ဟာ ရဲ့ချင်၏ နည်းနည်းလေးမှလိမ်ညာသည့်ပုံမပေါ်သည့်ရုပ်တည်ကြီးကိုကြည့်ရင်း ကြောင်တောင်တောင်ဖြင့်ခေါင်းငြှိမ့်လိုက်ရုံသာတတ်နိုင်ခဲ့သည်။

သူတို့ရောက်နေသည့်ဂူကို ရဲ့ချင်က မတော်တဆတွေ့တာဟုဆိုသော်လည်းပဲ သန့်ရှင်းသပ်ရပ်မှုနဲ့ အောက်ခြေတွင်ခင်းထားသည့်မြက်ခြောက်တွေကိုကြည့်ရင်း သက်ရှိတစ်စုံတစ်ယောက်နေထိုင်ခဲ့မှန်းသိသာသည်။ ဖြစ်နိုင်တာက မှော်သားရဲတစ်ကောင် နေထိုင်ခဲ့သည့်အသိုက်ဖြစ်ရင်ဖြစ်မဟုတ်ရင်၊ ယခုချိန်ထိပြန်မလာသေးသည့် မှော်သားရဲတစ်ကောင်၏ နေထိုင်ရာဂူဖြစ်နိုင်သည်။

အရေးကြီးဆုံးက စွင်းယန်၏ခန္ဓာကိုယ်က ဒဏ်ရာဒဏ်ချက်တွေအားလုံး လုံးဝပျောက်ကွယ် နေခြင်းဖြစ်သည်။ ဒါကတကယ့်ကိုအံ့ဩစရာကောင်းလွန်းသည်။ သူ့ခန္ဓာကိုယ်အခြေအနေကို သူ့ထက်မည်သူမှမသိနိုင်ပေ။ ဒါပေမယ့် သူနိုးလာတော့အရာအားလုံး ယူပြစ်လိုက်သလိုပျောက်ကွယ်ကုန်၏။ မသိရင် သူဒဏ်ရာရခဲ့သည်မှာအိပ်မက်တစ်ခုအလားပင်။

စွင်းယန်က စိတ်ရှုပ်စွာခေါင်းကုတ်လိုက်သော်လည်းပဲ ရဲ့ချင်ကိုအတင်းအကြပ်တော့မမေးမြန်းတော့ပေ။ လူတိုင်းတွင် လျှို့ဝှက်ချက်ကိုယ်စီရှိကြောင်းသူနားလည်၏။ လျှင်လျှင်မြန်မြန်အသားကျသွားသည်နှင့် စွင်းယန်ဟာ ဂူထဲကထွက်ပြီး ပတ်ဝန်းကျင်ကိုလျှောက်စူးစမ်းသည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Wo Geschichten leben. Entdecke jetzt