(56)

1.4K 244 30
                                    

Unicode

ခန့်မှန်းထားသည့်အတိုင်းပင် အချိန်ကောင်းရောက်တာနဲ့ဖုန်းမင်တို့အဖွဲ့က အခန်းအောင်းချင်နေသည့်ရဲ့ချင်ကိုလာခေါ်၏။ ဇိမ်ခံသင်္ဘောတစ်ခုပီသစွာပင် club မှာ အတော်လေးကြီးမားပြီး ကော့တေး၊ သီးသန့်ကောင်တာနှင့်အတူ ပရော်ဖက်ရှင်နယ်အဖျော်သမားလည်းရှိသည်။

ရဲ့ချင်က ကောင်တာရှေ့တွင်ပျော့ခွေစွာထိုင်နေပြီး လူများစွာနှင့်ရုန့်ရင်းဆန်ခတ်လှုပ်လှုပ်ရှားရှားအခြေအနေတွေမှာ သူ့မျက်လုံးအတွင်း ပုံရိပ်ထင်ဟပ်နေသည်။ အသက်အရွယ်မျိုးစုံဖြင့် ခပ်မိုက်မိုက်ဝတ်စားထားသည့် အများစုမှာတစ်ချက်ကြည့်ရုံနဲ့လူချမ်းသာတွေမှန်းအရမ်းသိသာလွန်းသည်။ ဘယ်လိုပဲဖြစ်ဖြစ် အပန်းဖြေသင်္ဘော၏ လက်မှတ်တစ်ခုတည်းနဲ့တင် သာမန်လူတတ်နိုင်သည့်အခြေအနေမဟုတ်ပါချေ။ နောက်ဆုံးတော့ ကုရှီးမင်လိုရက်ရောလွန်းသည့်ဆရာမျိုးက အလွယ်တကူတွေ့နိုင်တာတော့မဟုတ်ပေ။

ရဲ့ချင်က ပျင်းလွန်းလို့အရည်ပျော်တော့မည်ဟုတောင်ခံစားရသည်။ သူ့ကျောရိုးကပျော့ခွေနေ၏။ DJ သမားကရောက်မလာသေးတာကြောင့် ခပ်မြူးမြူး music တစ်ခုကိုသာဖွင့်လှစ်ထားသည်။ အချိန်တွေကြာလာတာနဲ့အမျှ ရဲ့ချင်က ပျင်းသထက်ပျင်းလာသည်။ သတင်းထွက်ထားသည့် နာမည်ကြီးDJ သမားကအခုထိရောက်မလာသေးပေ။

လူအများ၏ မကျေနပ်သည့်အသံတွေကြားတွင် တာဝန်ကျဝန်ထမ်းက ထုတ်ပြန်လာသည်။

"ကြွရောက်လာကြတဲ့လူကြီးမင်းအားလုံးကို အနူးအညွတ်တောင်းပန်ပါရစေ.....ကျွန်တော်တို့ဖိတ်ခေါ်ထားတဲ့ နာမည်ကြီးDJ သမားက လှိုင်မူးပြီးမထနိုင်ဖြစ် နေလို့ပါ...."

"ဟ....စောင့်နေတဲ့ငါတို့က ဘာဆက်လုပ်ရမှာလဲ"

"လှိုင်းမူးတတ်မှန်းသိရင် ဘာကြောင့်သင်္ဘောပေါ်ဖိတ်ခေါ်ထားသေးလဲကွ"

"အရန် DJ သမားတွေမရှိဘူးလား"

အသံအမျိုးမျိုးကြားထဲတွင် တာဝန်ရှိသူ သင်္ဘောသားမှာခေါင်းမွှေးတောင်ပြောင်လာသလိုခံစားရသည်။ သူတို့ဖိတ်ခေါ်ထားသည့် DJ သမားက အတော်လေးနာမည်ကြီးတာကြောင့် အရန် DJ တစ်ချို့ခေါ်မိရင် သူ့ကိုစော်ကားနေခြင်းဟုအတင်းအကြပ် စွပ်စွဲပြောဆိုလာတာကြောင့် သဘောတူခဲ့မိသည့်သူတို့မှာအခုချိန်တွင်အတော်လေးဒုက္ခတွေ့ရလေသည်။ အပန်းဖြေသင်္ဘောပေါ်လိုက်ပါလာသည့်လူတော်တော်များများမှာ အလွယ်တကူစော်ကားလို့ရသည့်လူတွေမဟုတ်ပေ။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now