(21)'ကျောင်းသားသစ်နှစ်ယောက်'

3.6K 503 34
                                    

Unicode

ကျောင်းတတ်ခါနီးအချိန်လေးတွင် ပထမနှစ် ၏အခန်း (၂) တစ်ခန်းလုံး ဆူညံပွက်လောရိုက်နေ၏။ မိန်းကလေးတစ်ချို့က အုပ်စုဖွဲ့ပြီး အတင်းထိုင်တုတ်နေတာရှိသလို ယောက်ျားလေးတစ်ချို့၏ ဂိမ်းနှင့်ပတ်သတ်သည့် စကားတွေကိုနေရာတိုင်းလိုလိုကြားနေရသည်။

စာသင်ချိန်မဟုတ်တာကြောင့် လွီမုချီက ခုံပေါ်တွင်မှောက်အိပ်နေရင်း သူ့ရဲ့သွားလေရာမပါမဖြစ် အပြာရောင်အုပ်နားကြပ်ကိုတပ်ဆင်၍ သီချင်းနားထောင်နေလေသည်။ ထင်းယီက သူ့ခုံတွင်ခြေချိတ်ထိုင်ရင်း ဂိမ်းထိုင်ဆော့နေသည်။ ကျောင်းတတ်ချိန်မရောက်သေးတာကြောင့် ဖုန်းအသိမ်းခံရမည့်ရန်ကနေစိုးရိမ်စရာမလိုပေ။

ဆင့်ခေါ်သူကျောင်းသားတွေက သာမန်အထက်တန်းကျောင်းသားတွေလိုမျိုး ထိန်းချုပ်ခံရခြင်းမရှိတာကြောင့် ယခုလိုအားလပ်ချိန်မျိုးတွင်ဖုန်းသုံးခွင့်ရသည်က ပုံမှန်ပင်။ ဖုန်းမင်နဲ့ နန်ရှောင်မေတို့နှစ်ယောက်အကြောင်းပြောရရင် နှစ်ယောက်သားတိုးတိုး တိုးတိုးဖြင့် ဘယ်အခန်းကကောင်မလေးက ဘယ်လိုလှတာ၊ ခြေတံသွယ်သွယ်နဲ့ ဘယ်လိုမျိုးကြည့်ကောင်းတာ စသည်ဖြင့် ချောချောလှလှမိန်းကလေးတွေအကြောင်း အပြန်အလှန်ဝေငှနေကြသည်။

နားပါးလှသည့် ရဲ့ချင်ခမျာ တစ်ခန်းလုံး၏ တစ်တွတ်တွတ်အသံတွေကြောင့် နားတစ်ခုလုံးမီးခိုးတွေထွက်ချလာပြီဟုတောင်ထင်မှတ်လိုက်မိသည်။ ဘာကြောင့်ရယ်မဟုတ် နားကြပ်နားထောင်ရင်း အေးဆေးဇိမ်နဲ့နှပ်နေသည့် လွီမုချီကိုကြည့်ကာ အားကျစိတ်တောင်ဝင်မိသွားသည်။

"ရဲ့ချင်"

မျက်မှန်နှင့် စာဂျပိုးဖြစ်ဟန်ရသည့် မိန်းကလေးတစ်ယောက်ဟာ ကျောင်းသုံး iPad အဖြူကိုကိုင်လျက် ရဲ့ချင်ရှိရာဆီသို့လျှောက်လာ၏။ မိန်းကလေး၏ နာမည်မှာ ရွှယ်ကျန်း ဟုခေါ်ပြီး အခန်း (၂) ၏ထူးချွန်ကျောင်းသူတစ်ဦးအဖြစ်သတ်မှတ်နိုင်သည်။

"ရဲ့ချင်....မနေ့က ဆရာကု သင်ပေးခဲ့တဲ့ စိတ်စွမ်းအင်ကို ထိန်းသိမ်းနည်းဆိုတဲ့နေရာမှာလေ....ငါနားမလည်တာရှိလို့...."

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now