(26)'ကျောက်တုံးမျောက်ဝံ'

2.9K 442 18
                                    

Unicode

ရဲ့ချင်ဟာ မူးဝေနေတဲ့ သူ့ခေါင်းကိုခါလိုက်ပြီးအမူအရာမဲ့သည့်မျက်နှာဖြင့် မီးဖီးနစ်နှင့်အပြာရောင်-ခွေးကိုကြည့်သည်။ မီးဖီးနစ်ကစွင်းယန်ကိုဘယ်လိုဖယ်ချထားခဲ့မှန်းမသိသော်လည်းပဲ စွင်းယန်ခန္ဓာကိုယ်ပေါ်ရှိ အမည်မသိဒဏ်ရာဒဏ်ချက်တွေကိုစဥ်းစားမိသွားသောအခါတွင် မီးဖီးနစ်ကဲ့သို့ပင် အခြေအနေမဟန်နိုင်ကြောင်းသိနိုင်၏။

"စွင်းယန် ဘယ်မှာလဲ"

မီးဖီးနစ်နှင့်အပြာရောင်ခွေးက ရဲ့ချင်ကိုလှည့်ကြည့်လာသည်။

စွင်းယန်....အဲ့ဒါဘယ်သူလဲ။

မီးဖီးနစ်ဟာချက်ချင်းဆိုသလို သူ့အရှေ့ကလူကိုအသည်းအသန်ပြန်တောင်းနေသည့် လူသားဖြစ်သူအား အမှတ်ရလိုက်သည်။ သူမျက်မှောင်ကြုပ်လိုက်ပြီး ဂရုမစိုက်သလိုမျက်နှာထားဖြင့် အပြာရောင်-ခွေးဘက်လှည့်ကြည့်ကာပြောသည်။

"ဒါမင်းခေါ်လာတဲ့လူသားမဟုတ်လား....ဒီတစ်ခေါက် သူ့ရဲ့ဘာက မင်းကိုဆွဲဆောင်သွားတာလဲ"

အပြာရောင်အမွှေးစုတ်ဖွားခွေးကြီးဟာ ရှက်ကိုးရှက်ကန်းမျက်နှာဖြင့် ရဲ့ချင်ကိုကြည့်ရင်းအပြာရောင်မျက်လုံးနှစ်ဖက်ကို လက်ဖဝါးဖြင့်အုပ်လိုက်သည်။

"သူ....သူကကျွန်တော်တွေ့ဖူးသမျှထဲမှာ အလှဆုံးပဲ....ကျွန်တော်သူ့ကိုလက်ထပ်ချင်တယ်"

ရဲ့ချင် : "....."

ရုတ်တရတ်ကြီး အပြာရောင်-ခွေး သူ့ကိုပြန်ပေးဆွဲလာရသည့်ရည်ရွယ်ရွယ်ချက်ကိုသိလိုက်ရသည့်အခါတွင် ရဲ့ချင်မှာဘာပြောလို့ပြောရမှန်းမသိအောင်ကိုဆွံ့အ သွားရရှာသည်။ မီးဖီးနစ်ကအံ့ဩသွားပေမယ့် နားလည်သဘောပေါက်သလိုမျိုးခေါင်းငြှိမ့်သည်။ သူ့ကြည့်ရတာကံ့ကွက်မည့်ပုံတောင်မရှိချေ။

"ကောင်းပြီ....မင်းတို့လက်ဆက်မှုကို ငါသက်သေအဖြစ်နေပေးမယ်"

နောက်ဆုံးမနေနိုင်တော့သည့်ရဲ့ချင်ဟာ မှော်သားရဲနှစ်ကောင်ကြားက စကားဝိုင်းကိုဝင်ရောက်စွက်ဖက်လိုက်သည်။

"ခဏ....ငါက ဒီခွေးနဲ့လက်ထပ်ရမှာလား"

"ထူးဆန်းလို့လား"

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now