(27)'ရဲ့မိသားစု၏ စိုးရိမ်ပူပန်မှု'

3.3K 435 19
                                    

Unicode

"ခဲအို....ငါ့ရဲ့အနာဂတ်ခင်ပွန်းလောင်းလေး ဘယ်နေရာမှာရှိနေလဲ ပြောပြပေးပါလားဟင်....ငါမေတ္တာရပ်ခံပါတယ်ဟာ....ငါသူ့ကိုမတွေ့ရတာ ရက်ပေါင်း ၄၀၊ ၁၁နာရီ၊ ၂၃မိနစ်နဲ့ ၅၆ စက္ကန့်တိတိရှိနေပြီ..."

စကားအဆုံး၌ လီဟွားမှာ ရဲ့လင်းဝူ၏ကြောက်မက်ဖွယ်ရာအကြည့်ကိုရရှိလိုက်လေသည်။ ရဲ့ချင်ကို 'မြင်မြင်ချင်းကြွေ' သွားသည့် လီဟွားဟာ ထိုအချိန်က စပြီး ရဲ့လင်းဝူ နားတစ်ဂျီဂျီကပ်၍ ရဲ့ချင်နှင့်နီးကပ်နိုင်ဖို့အရေး အအိပ် အစားအပျက်ခံကြိုးစားနေရရှာသည်။ ဘာကြောင့်ဆို ကပ်စီးနဲလွန်းသည့် အစ်ကိုကြီး ရဲ့လင်းဝူဟာ သူ့သွေးမတော်သားမစပ်ညီငယ်လေးအပေါ် လွန်စွာ ကာကွယ်ပေးလွန်းပြီး လီဟွားကို ရဲ့ချင်နားမကပ်နိုင်အောင် အတင်းအကြပ်တားဆီးထားလေသည်။

လီဟွား ခမျာ အမြဲတမ်းလိုလို ရဲ့မိသားစုအိမ်တော်ရှိရာဆီသို့ ခြေတစ်လှမ်းမချလိုက်နိုင်ပဲ ရဲ့ချင်၏အရိပ်လေးကိုမမြင်လိုက်ရခင်မှာပင် ဂုတ်ကနေအဆွဲခံရပြီး ကန်ထုတ်ခံရသည်နှင့်သာ အဆုံးသတ်သွားရရှာသည်။ နောက်ဆုံး ရဲ့ချင်တစ်ခြားမြို့တစ်မြို့တွင် ကျောင်းသွားတတ်ကာအစအနပျောက်ဆုံးသွားသည့်အတွက် လီဟွားမှာ ကမ္ဘာပျက်မတတ် ထိတ်လန့်သွားရရှာသည်။

ရဲ့ချင်ဘယ်မြို့ကိုရောက်သွားမှန်းသူမ မသိသလို ရဲ့မိသားစုအာဏာကြောင့် သူမရဲ့လီမိသားစုက ရဲ့ချင်၏ခြေရာလက်ရာကို သဲလွန်စ သေးသေးလေးတောင်ဖော်မရသည်အထိ ပျောက်ဆုံးသွားစေခဲ့သည်။ သူမအတွက် ရဲ့လင်းဝူကိုယ်တိုင် ရဲ့ချင်၏တည်နေရာကိုဖော်ပြပေးရုံကလွဲပြီး ဘာဆက်လုပ်ရမလဲ မသိတော့ပေ။ ဒါပေမယ့် ရဲ့လင်းဝူက အရမ်းနှုတ်လုံလွန်းသည်။ သူက သူမကိုတွေ့တာနဲ့ လူသတ်တော့မလိုမျက်နှာကြီးဖြင့် သက်တော်စောင့်တွေကို သူမအားဆွဲခေါ်သွားစေသည်။ ထို့ကြောင့် သက်တော်စောင့်တစ်ချို့ လစ်တဲ့အချိန်လေးမှာ ရဲ့လင်းဝူဆီအပြေးလာပြီး ရဲ့ချင်ဘယ်နေရာရောက်နေလဲ အသည်းအသန်မေးမြန်းရုံကလွဲပြီးသူမ မတတ်နိုင်ပေ။

"ဘယ်သူက မင်းရဲ့ခဲအိုလဲ!!!"

ရဲ့လင်းဝူ၏ လူသတ်တော့မည့်မျက်နှာနှင့် ကြမ်းတမ်းခက်ထန်သည့်လေသံကို ကြားသည့်အခါတွင် အရပ်အမြင့် 160cm သာရှိသည့် လီဟွားခမျာ 189cm မြင့်သည့် ရဲ့လင်းဝူရဲ့ ဖိနှိပ်မှုအပြည့်ဖြင့်အရှိန်အဝါကို ရုတ်ချည်းခံစားလိုက်ရသည်။ သူမ အတော်လေးကြောက်လန့်သွားသော်လည်း 'ရဲ့ချင်နဲ့ နီးစပ်ခွင့်ရဖို့' ဟူသည့် ရည်မှန်းချက်ကိုပြန်လည်သတိရသွားသည့်အခါတွင် ရုတ်တရတ်ကြီး သူမသတ္တိတွေရှိလာသည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now