(57)

927 158 7
                                    

Unicode

ရဲ့ချင်က ရေအောက်ရောက်တာနဲ့ ရေဖိအားအပေါ်ခံနိုင်ရည်သိပ်မရှိသည့်မျက်မှန်ကို ချွတ်ယူကာ နေရာလွတ်မီးတောင်ထဲထည့်သိမ်းထားလိုက်သည်။ သူ့အဖိုးတန်မျက်မှန်ကိုနောက်တစ်ကြိမ် အဆုံးရှုံးမခံနိုင်တော့ပေ။ သူ့ကို ဆယ်ယူဖို့ရန်နောက်ကလိုက်ခုန်ဆင်းလာမည့် လူတွေရှိနိုင်ကြောင်းသိတာကြောင့်ချက်ချင်းဆိုသလိုပင် သေးငယ်သည့် လေဟာနယ်ကူးပြောင်းခြင်းကိုပြုလုပ်လိုက်သည်။

သူက လူလာကယ်တာလေ။ ရေထဲခုန်ဆင်းတာအလဟသတော့အဖြစ်မခံနိုင်ဘူး။

"ကတ်ချ်"

ရဲ့ချင်က ကတ်ချ်ကိုစိတ်ထဲကနေတစ်ဆင့်ဆက်သွယ်လိုက်သည်။

"သခင်အသေးလေး....ရေထဲရောက်နေတာလား"

ရဲ့ချင်နဲ့ဆက်သွယ်ပြောဆိုကာမှ ပတ်ဝန်းကျင်ကိုစူးစမ်းနိုင်သည့်ကတ်ချ်ဟာ အဆုံးမဲ့တဲ့ပင်လယ်ပြင်ကြီးကိုခံစားမိသည့်အခါတွင် အနည်းငယ်အံ့အားသင့်မိသွားသည်။

ရဲ့ချင်က အရမ်းအားကောင်းသည်။ သာမန်လူတွေလိုမျိုးရေထုဖိအားကိုလုံးဝမခံစားရသလိုမျိုး ရေထဲလွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်၏။ အတိတ်ဘဝတွင် ရဲ့ချင်၏အသက်ရှုအောင့်ပြီးရေငုတ်နိုင်သည့်စံချိန်မှာ 17မိနစ်ကျော်သည်အထိရှိခဲ့၏။ အတော်လေးကြောက်ဖို့ကောင်းတဲ့စံနှုန်းပင်။ သို့သော်လည်း ယခုချိန်တွင် ရဲ့ချင်ဟာ သူလုံးဝအသက်မရှုရင်တောင်ရသည်ဟုခံစားရသည်။

"ပင်လယ်ထဲရောက်နေတဲ့ လူတစ်ယောက်ကို လိုက်ရှာပေးနိုင်လား"

"????"

"မင်းလုပ်နိုင်လား"

"အင်း...."

ကတ်ချ်က မတုံ့ဆိုင်းရဲပါပဲ သူ့စိတ်စွမ်းအားကို အကျယ်ဖြန့်လိုက်သည်။ စိတ်စွမ်းအားလှိုင်းမှာအနီးအနားဝန်းကျင်ကို နယ်မြေတစ်ခုသဖွယ်ပြန့်ကျဲသွားပြီး GPS တစ်ခုလိုမျိုးအလုပ်လုပ်လာ၏။

"တွေ့ပြီ....ဒီကနေတောင်ဘက် မီတာ200အကွာမှာ သက်ရှိလူတစ်ယောက်အရိပ်အယောင်အပြင် မှော်သားရဲတစ်ကောင်ရဲ့တည်ရှိမှုကိုပါခံစားမိတယ်...."

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now