(34)

2.9K 421 12
                                    

Unicode

ရဲ့ချင်နိုးလာသည့်အခါတွင် အရာအားလုံးကအိပ်မက်တစ်ခုသဖွယ်ခံစားလိုက်ရ၏။ ဒါပေမယ့် သူ့မသိစိတ်ထဲကပြောနေသည်။ မူလရဲ့ချင်နဲ့တွေ့ခဲ့ရတာက အိမ်မက်လုံးဝမဟုတ်ကြောင်း။

သူ့ရင်ထဲအရမ်းပေါ့ပါးနေသလိုခံစားရသည်။ မူလရဲ့ချင်၏ ဖြေရှင်းချက်နဲ့စကားတွေက သူ့ရင်ထဲမှာရှိတဲ့အလေးတုံးကြီးကိုဖြေဖျောက်လိုက်သလိုပင်။ ဒီဘဝမှာရှိတဲ့နွေးထွေးမှုတွေ ချစ်ခြင်းမေတ္တာတွေအားလုံးက လုယူမိထားတာကြောင့်ကြောင်း သူအမြဲတမ်းခံစားခဲ့ရသည်။ မူလရဲ့ချင်ကပြောခဲ့သည်။ ဒီဘဝက အစတည်းကသူပိုင်ဆိုင်ရမယ့်အစစ်အမှန်ကံကြမ္မာတဲ့လေ။ ရဲ့ဖုန်းလီက သူ့အဖေအရင်းဖြစ်ပြီးတော့ သူရခဲ့တဲ့နွေးထွေးမှုတွေအားလုံးက သူပိုင်ဆိုင်သည့် အစစ်မှန်ဆုံးသော အရာတွေဖြစ်နေသည်။

ရဲ့ချင်၏နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်တွင် သေးငယ်လှပသည့်စိတ်လိုလက်ရအပြုံးလေးတစ်ခုပေါ်ပေါက်လာသည်။ ပျော်ရွှင်နေသည့်ရဲ့ချင်ဟာ သူ့လက်ကအကျင့်ပါနေသလိုမျိုး ကုတင်ဘေးက အံဆွဲအပေါ်ရှိ မျက်မှန်ကိုဆွဲယူလိုက်သည်။

ဂျွတ်!!

ရဲ့ချင် : "....."

တောင့်ခဲသွားသည့်ရဲ့ချင်ဟာ သူ့လက်ထဲက တစ်စစီကျိုးပဲ့ရင်းပါလာသည့်မျက်မှန်ကို ကြောင်အ စွာစိုက်ကြည့်နေမိသည်။

မိနစ်အနည်းငယ်ကြာ ကြောင်နေပြီးနောက်တွင် ဒီမျက်မှန်ကို အရင်ရဲ့ချင်က အွန်လိုင်းပေါ်တွင် လက်ကမြင်းရာကနေမှာယူမိသွားတာဖြစ်ကြောင်းသတိရသွားသည်။ ကမန်းကတန်းခါးဆန့်လိုက်ပြီး ကုတင်ပေါ်လက်ထောက်ကာ ကုတင်ဘေးကအံဆွဲပေါ် တင်ထားသည့်ဖုန်းကိုလှမ်းယူလိုက်သည်။

ဝုန်း!

ရဲ့ချင်လက်ထောက်ထားသည့် ကုတင်မှာကျွံဝင်သွားပြီး လက်ထဲကဖုန်းနဲ့အတူ အရှိန်ကိုကမန်းကတန်းထိန်းလိုက်ရသည်။ သူလက်ထောက်ထားသည့်ကုတင်အကောင်းကြီးက သူ့လက်ဆိုဒ်နဲ့အတူ ပျက်ဆီးကျွံဝင်နေ၏။ လက်ကထိခိုက်ဒဏ်ရာလုံးဝမရှိခဲ့ချေ။ လက်ကိုပြန်ဆွဲထုတ်လိုက်ပြီးနောက် ခုနကလေးတင် ဆန့်တန်းဆုပ်ကိုင်ထားသည့်ကျန်လက်တစ်ဖက်ထဲ၌ ကျိုးပဲ့နေသည့်သူ့ဖုန်းကိုတွေ့လိုက်ရရှာသည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now