Episode-1

13.4K 742 188
                                    

#Unicode

အချစ်‌ဦး....။ လူတိုင်းမှာ အချစ်ဦးဆိုတာရှိတတ်ကြတယ်တဲ့....။

အချစ်ကိုမထိတွေ့ရသေးတဲ့အချိန်မှာ အစိမ်းသက်သက်နှလုံးသားထဲ ပထမဦးဆုံးဝင်ရောက်လာတဲ့သူ...။
အသံလေးကြားလိုက်တာနဲ့ ရင်တွေတဒိတ်ဒိတ်ခုန်လာအောင် စွမ်းဆောင်နိုင်တဲ့သူ...။
မျက်နှာလေးမြင်လိုက်တာနဲ့ ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး ပျာယာခတ်သွားစေတဲ့သူ...။
သူ့အကြောင်းတွေးလိုက်တာနဲ့ ပျော်ရွှင်စေတဲ့သူ...။
အချိန်တွေဘယ်လောက်ကြာကြာ အလွယ်တကူမေ့မရနိုင်ဘဲ ရင်ထဲမှာအမြဲရှိနေတတ်တဲ့သူ...။

အဲဒီ့လိုသူမျိုးကို အချစ်ဦးလို့ခေါ်ကြတယ်တဲ့...။

ပြီးတော့ ရှိသေးတယ်...။ များသောအားဖြင့် အချစ်ဦးကို ဆယ်ကျော်သက်အရွယ်မှာ ဆုံတွေ့လေ့ရှိကြတတ်တယ်တဲ့လေ...။

ထိုနည်းလည်းကောင်း ကျွန်တော်သည်လည်း အချစ်ဆိုတာမျိုးကိုမထိတွေ့ရသေးတဲ့ဆယ်ကျော်သက်အရွယ်မှာ ကျွန်တော့်ဘဝရဲ့အချစ်ဦးကို တွေ့ရှိခဲ့ပါသည်....။

အချစ်ဦးတို့ရဲ့ဒဿနအတိုင်း အသံလေးကြားရုံ၊ မျက်နှာလေးမြင်ရုံဖြင့် ကျွန်တော့်ရဲ့နှလုံးသားကို စည်းချက်ညီညီ တုန်ခါသွားစေတဲ့သူပေါ့....။

~First Love~

ဆိုးလ်မြို့ရှိ လမ်းသွယ်တစ်ခုထဲ ဝင်လာပါသော အဖြူရောင်ကားလေးတစ်စီး....။ သစ်ပင် ပန်းပင်တွေဖြင့်စိမ်းစိုနေပါသော ခြံဝန်းလေးပါပြီး အရမ်းကြီးလည်းမသေး၊ အရမ်းကြီးလည်းမကြီးသော နှစ်ထပ်တိုက်အိမ်လေးအရှေ့အရောက်မှာ ရပ်လို့သွားသည်...။

ထို့နောက်မှာတော့ ထိုကားလေးထဲကနေ ထွက်လာတာက ဆယ့်ခြောက်နှစ်အရွယ် အထက်တန်းပထမနှစ်ကျောင်းသားလေးဖြစ်သည့် ကင်ထယ်ယောင်း....။

ကားထဲကထွက်ပြီးတာနဲ့ ခြံအရှေ့ကိုလျှောက်သွားလိုက်ကာ လက်ထဲပါလာတဲ့သော့နဲ့ ပိတ်ထားသည့်ခြံတံခါးကိုဖွင့်လိုက်ပြီး ကားအဖြူလေးအား ခြံထဲဝင်စေလိုက်သည်...။ အဖေနဲ့အမေပါသည့် ကားအဖြူလေး ခြံထဲဝင်သွားပြီဆိုမှ ထယ်ယောင်းလည်းခြံတံခါးကိုပြန်စေ့လိုက်ကာ ယနေ့ကစပြီး ကိုယ်တို့မိသားစုရဲ့အိမ်အသစ်ဖြစ်လာတော့မယ့် ထိုနှစ်ထပ်တိုက်လေးဆီလျှောက်သွားလိုက်တော့သည်...။

First Love (Completed)Where stories live. Discover now