𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗫𝗫𝗩𝗜𝗜𝗜 ❮𝗨𝗻𝗶❯

1.1K 129 77
                                    

"Jake... ကိုယ်တကယ် မသိလိုက်လို့ပါဆို..."

ကားထဲ ပျံ့လွင့်သော တိုးလျသည့် အသံငယ်ကလေးက တခြားမဟုတ်သော Jay ဆီက။

ပါးစောင်သို့ စိတ်ရှုပ်စွာ လျှာနှင့်ထိုးနေသောသူဟာ အောက်နှုတ်ခမ်းကိုလည်း တင်းနေအောင် ဖိကိုက်ထားသည်။

ကားမောင်းနေသည့် အမျိုးသားငယ်၏ steering wheel ပေါ်က ဘယ်ဖက်လက်ဟာ သွေးကြောတို့ ထင်းထောင်သည်အထိ တင်းကျပ်နေပြီး လက်ကောက်၀တ်ထက် ၀တ်ဆင်ထားသော အနီရောင် ဒိုင်ခွက်နှင့် Rolex ရွှေနာရီကလေးကတော့ Jay အား မျက်စောင်းတင်မက လက်ခလယ်ပါ ထောင်ပြနေသလို။

သက်ပြင်းအား ဖွဖွချရင်း Jay က အသာချထားသော ညာဖက်လက်ကလေးသို့ ဖြည်းညင်းစွာ လက်လှမ်းလိုက်သည်။

Jake က လောလောဆယ်မှာ တောကောင်လေး တစ်ကောင်လိုပဲ။ အကြမ်းပတမ်း ‌ချဉ်းကပ်လျှင် သူ့ကို ကုတ်ပြီး ထွက်ပြေးသွားလိမ့်မယ်။

သို့သော်...။

"ခင်ဗျား လက်ကို ငြိမ်ငြိမ်ထားမလား အခု ကိုရီးယားကို ပြန်မလား?!"

ဩဇာတိက္ကမအပြည့် ဟိန်းခနဲ ထွက်လာသော အသံက သွေးကြောစိမ်းကလေးတစ်လျှောက် ပွတ်ဆွဲရန် ကြံနေသော Jay ၏ လက်အား အထိအတွေ့လေး တစ်ခု၌တင် အဆုံးသတ်စေ၏။

ခုနကပေါ့...။

Jake က Castle Combe ဘက် ခရီးထွက်ချင်တယ် ဆိုလို့ Jay က လိုအပ်သည်များအား ၀ယ်ရန် shopping mall သို့ အတူတူ လိုက်လာခဲ့ပေးသည်။

သို့သော် တစ်လျှောက်လုံး အဆင်ပြေခဲ့အပြီး ဈေး၀ယ်ခြင်းအား အဆုံးသတ်၍ ကားထဲသို့ ပြန်ရောက်လာခါမှ Jay က ပြဿနာအား မီးထိုးရုံတင်မက 'လာပါ လာပါ' ခေါ်ပြီးကို ရှာခဲ့မိတယ်။

အဲ့ဒီ Jake အမြဲ၀တ်တဲ့ Rolex နာရီ...။

တကယ်ကို သူပေးလို့ ပေးထားမှန်း Jay က မသိခဲ့တာပါ။

အမြဲ၀တ်နေတာလေး သတိထားမိလို့ အဖိုးချစ်မြေးလေးကို 'အမတ် Sim ၀ယ်ပေးထားတာလား?' လို့ လျှာရှည်ပြီး မေးမိလိုက်တာ မျက်စောင်းတောင်မဟုတ် မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်ခံရတယ်။

အဲ့တာလည်း အဲ့အထိ Jay က မသိခဲ့ပါဘူး။

သူများ တစ်ခုခု အမှားလုပ်မိသလား မျက်တောင်တွေ ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးတောင် တစ်မိနစ်ကျော် ၊ နှစ်မိနစ် ‌ထိုမီးတောက်မျက်၀န်းများနှင့် အကြည့်ပြိုင်ခဲ့သေး။

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now