𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗜𝗩 ❮𝗨𝗻𝗶❯

1.4K 152 81
                                    

"Jake Sim အခု ဆံပင်အရောင် ပြောင်းထားသေးလား?"

နှစ်ပတ်နီးပါး ပျောက်နေတဲ့ ကောင်လေးရဲ့ ပုံရိပ်ကို မျက်စိရှေ့မှာ မြင်နေရသော်လည်း မတူညီတဲ့ ဆံပင်အရောင်ကြောင့် Jay အနားက အတွင်းရေးမှူးအား မေးလိုက်သည်။

"ဟုတ်ကဲ့ ဥက္ကဌ သခင်လေး ဆံပင်အနီအရင့် ဆိုးထားပါတယ်"

Jay ခေါင်းညိတ်ပြီး ခုံတန်းလေးတစ်ခုပေါ် လက်ပိုက်ကာ ထိုင်လိုက်သည်။

"ဥက္ကဌ... လေယာဉ်က...."

"ရတယ် ဟိုဘက်ကို ငါကိစ္စရှိလို့ နောက်ကျမယ် ပြောလိုက်"

Sydney မှာ ဟိုတယ်ဆောက်မည့် စီမံကိန်းဟာ ကိစ္စအချို့ကြောင့် အနှောင့်အယှက်အချို့ ရှိနေသည်မို့ Jay တွင် Australia သို့ သွားရန် အကြောင်းဖန်ခဲ့သည်။

သေချာတွက်ကြည့်ရင် တစ်ပတ်ကျော် နှစ်ပတ်နီးနီး ပျောက်နေတဲ့ ကောင်လေးထက် million နဲ့ ချီတဲ့ စီမံကိန်းက အဆပေါင်းများစွာ ပိုအရေးပါသော်လည်း Jake Sim ကိုယ်တိုင်တောင် လာကြိုရသူကို Jay ပိုစိတ်၀င်စားမိသည်။

Jake က သူ့ကို လုံးလုံး သတိမထားမိပုံ။

ကော်လံကြီးကြီးတွင် အညိုနုရောင် သားမွှေးများပါသည့် leather jacket နှင့် ပြောင်ပြောင်လက်လက် leather pants တွေကို ၀တ်ဆင်ထားတဲ့ ခေါင်းနီဟာ ဖြတ်လျှောက်သမျှ လူတိုင်း၏ အာရုံကို မြင်ပြင်းကတ်ဖွယ် ဖမ်းစားထားသည်။

ကြည့်မရစွာ Jay ခြေထောက်ကို ချိတ်လိုက်ရင်း လက်ပိုက်လိုက်၏။

"London ဒါမှမဟုတ် Australia က လေယာဉ်ဆိုက်ဖို့ရှိလား?"

London က လူ မဟုတ်ရင် Australia က လူ အပြင် Jake Sim မှာ တွေ့စရာမရှိ။

"ဟုတ်ကဲ့ နောက် ၅ မိနစ်နေရင် London က လေယာဉ်ဆိုက်မယ်လို့ ပြောထားပါတယ်"

နာရီတကြည့်ကြည့်နှင့် တမျှော်မျှော်လုပ်နေခြင်းဟာ လေယာဉ်ပေါ်က ဆင်းလာမည့်သူသည် Jake Sim အတွက် ဘယ်လောက် အရေးကြီးကြောင်း ပြောပြနေသည်။

ဘယ်သူမို့လို့ Jake Sim က အိန္ဒြေတောင် မထိန်းနိုင်တော့တာလဲ?

ဆယ့်ငါးမိနစ် ကျော်ကျော်လောက် စောင့်အပြီးမှာတော့ ထွက်ပေါက်မှ လူများအသီးသီး ထွက်လာကြပြီး အရပ်ရှည်ရှည် အသားဖြူဖြူနှင့် ကောင်လေးဟာတော့ Jay ရဲ့ အာရုံကို သိသိသာသာ ဖမ်းစားသွားသည်။

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now