𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗫𝗫𝗜 ❮𝗨𝗻𝗶❯

709 109 67
                                    

ညတစ်နာရီ ကျော်ပြီ ဖြစ်သော်လည်း Sunghoon က ညဇီးကွက် တစ်ကောင်မို့ ဖုန်းတစ်လုံး လက်ထဲ ထည့်ပြီး ဟိုပွတ်ဒီပွတ် လျှောက်ကာ ပွတ်နေခဲ့သည်။

ထိုအချိန်မှာပဲ အပြင်ဘက်က ခြေသံသဲ့သဲ့က ပါးလွန်းလှတဲ့ Sunghoon ရဲ့ နားထဲ ခပ်တိုးတိုးလေး ၀င်ရောက်ခဲ့တယ်။

ဖုန်းဆီမှ တံခါးဘက်သို့ Sunghoon မျက်နှာအား လှည့်လိုက်သည်။

Jake က ဒီအချိန်ကြီး နိုးနေတော့ ရေထွက်သောက်တာတွေ ဘာတွေများလား?

အဲ့လိုပဲ နေမှာပါ။

Sunghoon လျစ်လျူရှုပြီး ဖုန်းဆီသို့ ပြန်ကာ အာရုံလွှဲလိုက်၏။

သို့သော်လည်း...။

Sunghoon မျက်ခုံးတို့အား ကျုံ့ပစ်လိုက်သည်။

တံခါးဖွင့်သံ မကြားလိုက်ပေမဲ့ အပြင်ဘက်က ခြေသံ သဲ့သဲ့ကိုတော့ Sunghoon က တိုတောင်းစွာ ကြားလိုက်သည်။

မီးဖိုခန်းဆီ သွားမည်ဆိုလျှင် သေချာပေါက် Jake ဟာ သူ့အခန်း ရှေ့မှ ဖြတ်သန်းသွားရမည်။

သို့သော်လည်း Sunghoon က ထိုကဲ့သို့ အသံမျိုး မကြားမိဘူး။

မဟုတ်မှ...။

Sunghoon ဖုန်းအား အသာချရင်း ကုတင်အောက်၌ လိုလိုမယ်မယ် ထည့်ထားသော baseball တုတ်တံအား ထုတ်ယူလိုက်သည်။

ထို့နောက် ခြေသံလုံလုံက ဖွဖွလေး လှမ်းကာ တံခါးဆီ ဦးတည်သည်။

လက်ကိုင်ဘုမှ ဖွဖွလေး ဆွဲပြီး Sunghoon တံခါးကို အသာလေး ဖွင့်လိုက်တော့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် Sunghoon ကိုယ်တွင်းရှိ သွေးများ တပွက်ပွက် ဆူလာသည်အထိ...။

ဘယ်သူဘယ်ဝါမှန်း မသိသည့် မျက်နှာဖုံးတပ် လူတစ်ယောက်ဟာ သူ့တံခါးအကျော် Jake ၏ ရှေ့၌ ရပ်နေသည်။

လက်ခနဲ မြင်လိုက်ရသည့် အရာက ဓားတိုလေးတစ်ချောင်း ဖြစ်မှန်း သိလိုက်ရတော့ Sunghoon က ချက်ချင်း အခန်းအပြင် ထွက်ပြီး baseball တုတ်အား ထိုလူ၏ ကျောပြင်ထက်သို့ အားပြင်းပြင်းနှင့် လွှဲကာ ရိုက်မိသည်။

ခေါင်းထိထိ။ ကျောထိထိ။ သေသေ။ ရှင်ရှင်။

Sunghoon စိတ်မ၀င်စားဘူး။

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now