𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗫𝗫𝗩 ❮𝗨𝗻𝗶❯

1.1K 130 79
                                    

"Jake..."

မှန်ထဲမှ သူစူးစိုက်လျက် ကြည့်နေသော မျက်လုံးများက ချက်ချင်းဆိုသလို ထိတ်လန့်တကြား အရည်လဲ့လာခဲ့သည်။

မည်သည့် ပစ္စည်းတစ်စုံတစ်ခု၏ ဖုံးကွယ်ခြင်း အကူအညီမျှ မပါဘဲ ပေါ်လွင်စွာ ထင်းထွက်နေသော အမာရွတ်များဖြင့် အပေါ်ပိုင်းအား သေချာစွာ မြင်ရစေရန် Jake က တစ်ဖက်က လူသို့ မျက်နှာချင်း ဆိုင်လိုက်၏။

"ခင်ဗျား ဒါတွေကို မမြင်ဖူးသေးဘူးမလား?"

Jake ၏ ခြေထောက်က အရှေ့သို့ တစ်လှမ်းတိုးသည်။

ထိုအခါမှာတော့ ဘာကို ခေါင်းခါ ငြင်းဆန်နေသည်လဲ မသည်းကွဲသည့် Jay ၏ ခြေလှမ်းက အနောက်သို့ တစ်လှမ်းဆုတ်သည်။

ကျောနှင့် နံရံ ထိသွားခိုက် Jay ၏ ဘယ်ဖက်မျက်၀န်းမှ မျက်ရည်စက် ကြီးကြီး တစ်ပေါက်ဟာ ပေါက်ခနဲ။

အေးစက်နေသော လက်ဖျားများအား သူ့လက်ဖြင့် အသာဆွဲယူရင်း Jake ပထမဆုံး ဦးတည်သည်က ဝဲဖက် ရင်အုပ်ရှိ ကန့်လန့်ဖြတ် အမာရွတ်။

"ဒါက ညဘက် လမ်းသွားနေတုန်း တစ်ယောက်ယောက်က သေနတ်နဲ့ လှမ်းပစ်လို့ ကျည်ဆန်ကို ဆေးရုံ ခွဲထုတ်ထားရတာ"

သူ့ရဲ့ အသံက တည်တည်ငြိမ်ငြိမ်။

လက်ထဲက လက်က တုန်ရီလာပြီး ယိုဖိတ်ကျလာတဲ့ မျက်ရည်များကတော့ သူနှင့် ဆန့်ကျင်ဘက်။

"ပြီးတော့ ဒါ..."

အကြောများအား တောင့်ထားသော လက်က သူ့ကြောင့် ရခဲ့သော ဒဏ်ရာများအား မထိတွေ့ချင်ဟန်။

Jake က ဟမ့်ခနဲ တစ်ချက်ရယ်ရင်း လက်အား စောင့်ဆွဲလျက် ညာဘက်နံရိုးပေါ်သို့ အုပ်ကိုင်စေသည်။

"လမ်းထောင့်လေးတစ်ထောင့်မှာ လူလေးယောက် ဝိုင်းရိုက်ကျလို့ အရိုးပါကျိုးသွားတယ်လေ"

"အဲ့တုန်းက ၁၉ လောက်တော့ ရှိမယ် ထင်ပါရဲ့..."

ရယ်သံနှောက ပြောလိုက်သော စကားအဆုံး Jay ၏ မျက်ရည်ဥတို့ ရစ်သိုင်းနေသော မျက်လုံးများက သူ့မျက်နှာအား အားနာရင်း ၊ သနားရင်း ၊ အံ့ဩရင်း ငေး၍ ကြည့်လာသည်။

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Место, где живут истории. Откройте их для себя