𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗫𝗜𝗫 ❮𝗭𝗮𝘄❯

294 8 0
                                    

မကြည်မလင်နှင့် နိုးလာတဲ့ Jay ဟာ ရေပါ ခပ်သွက်သွက် ချိုးလိုက်ရပါသည်။

ထို့နောက်မှာတော့ robe တစ်ထည်အား ကိုယ်၌ ၀တ်ရင်း လက်တစ်လော လည်ပင်း၌သာ နေရာယူသည့် လက်ထပ်လက်စွပ်ကို ငွေကြိုးလေး၌ ချိတ်ထားသော သူ့ရဲ့ ဆွဲကြိုးအား ယူရန် bathroom sink ဆီသို့ သွားလိုက်သည်။

Jake က လက်ထပ်လက်စွပ်နဲ့ ပက်သက်ပြီး ဘာတစ်ခွန်းမှရယ်တော့ ပြောဖူးတာ မရှိပေမဲ့ သူကတော့ Jake ဤအရာအား မကြိုက်မှန်း ရိပ်မိပါသည်။

ဘာကြောင့်ဆို သူ့လက်တွေကို ဆော့ကစားတဲ့ အချိန်တွေမှာ Jake ရဲ့ လက်ဖျားနုနုတွေက လက်စွပ်ကို ထိတွေ့မိတိုင်း မျက်နှာချောချောဟာ သိသိသာသာ ပျက်သွားတတ်သည်လေ။

ဒါကြောင့် ဒီနှစ်ပတ်အတွင်းတော့ ကောင်လေးလည်း ဤလက်စွပ်ကို မမြင်ရစေရန် လေယာဉ်ပေါ် မတက်ခင်ကတည်းက လည်ပင်း၌သာ ဆွဲထားခဲ့သည်။

ချွတ်ထားရင် ဖြစ်တာပေမဲ့ သူကတော့ မတော်တဆဆိုတာ ပြောရသည် မဟုတ်တာကြောင့် ပျောက်မည် စိုးရိမ်သည်မို့ သူနဲ့ အနီးဆုံး၌သာ ထားရန် ရွေးချယ်ခဲ့သည်။

လက်ထပ်လက်စွပ်ကို လည်ပင်း၌ ဆွဲထားရသည်မှာ အနည်းငယ်တော့ ထူးဆန်းပါ၏။

အနံကျယ်ကျယ် မှန်ကြီးထဲ ပေါ်နေသည့် သူ့ပုံရိပ်က Jay ၏ စိတ်အား ထုထည်ကြီးသည့် တစ်စုံတစ်ရာနှင့် ဖိသိပ်နေသလို။

ကတိသစ္စာ အထပ်ထပ် တည်ထားတဲ့ အမျိုးသမီးကိုယ်တိုင် ၀တ်ပေးခဲ့တဲ့ လက်စွပ်ကို လည်ပင်း၌ ဆွဲလျက်သား အမျိုးသမီးရဲ့ မောင်ကို ဖက်တွယ်နမ်းရှုံ့နေတာ အတော်လေးတော့ ရှက်စဖွယ် ကောင်းလှပါရဲ့။

သာမန် အသိစိတ်နဲ့သာ ဆိုလျှင် Jay Park ဟာ ဤကဲ့သို့သော လုပ်ရက်မျိုး လုပ်လိမ့်မည် မဟုတ်လှပါ။

Jay သက်ပြင်းဖွဖွချရင်း မျက်လုံးတို့အား တင်းတင်းမှတ်ကာ ခေါင်းငုံ့လိုက်သည်။

အသိစိတ် မကပ်လို့ Jake Sim ကို ရင်ခွင်ထဲ ထည့်အိပ်နေခဲ့တာ မှန်သော်ငြား အသိစိတ်ကိုလည်း ပြန်မကပ်စေချင်တော့ ဘယ်လိုလုပ်ရပါ့မလဲ?

ဒုတိယံမိ သက်ပြင်းအား ချရင်း Jay မျက်လုံးတို့အား ပြန်ဖွင့်လိုက်သည်။

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now