𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗫𝗜𝗜 ❮𝗨𝗻𝗶❯

1.1K 124 80
                                    

Jake, condo မှာ ညစာစားပြီး ပြန်လာတဲ့ Jay ကို ဆီးကြိုနေတဲ့ အိမ်ကြီးရဲ့ မရင်းနီးတဲ့ အမှောင်ရိပ်တွေ။

ခါတိုင်း သူတို့အိမ်က အလုပ်သမားတွေရော ၊ Hazel ရော ရှိတာကြောင့် ပြန်ရောက်တိုင်း လင်းထိန်ကာ ကောင်းမွန်သော အနံ့အသက်အချို့ ရှိခဲ့တယ်။

ယခုမှာတော့ ပိန်းပိန်းမှိတ်အောင် မှောင်နေပြီး Hazel အသာထား အလုပ်သမားတွေထဲက တစ်ယောက်တလေတောင် မတွေ့ရ။

မနေ့ကတည်းက ပိတ်ထားသော ကိုယ်ရေးကိုယ်တာသုံး ဖုန်းအား ဖွင့်ကာ သူတို့အတူ မျှသုံးသော အိမ်ခန်းဆီသို့ Jay သွားလိုက်သည်။

'ကိုယ် ဒီနေ့လည်း အလုပ်များနေသေးလို့ ပြန်မလာဖြစ်လောက်ဘူး ထင်တယ် စောင့်မနေဘဲ အိပ်လိုက်တော့နော်'

seen တော့ ပြခဲ့ပေမဲ့ Hazel ဘက်က ပြန်စာရယ်တော့ မရှိ။

သူ့ကို စိတ်ဆိုးသွားတာ များလား?

Jay သက်ပြင်းဖွဖွချရင်း အခန်းတံခါးအား လက်ကိုင်မှ လှည့်ကာ ဖွင့်လိုက်သည်။

အပြင်နည်းတူ အခန်းဟာလည်း လရောင်မှ လွဲ၍ အလင်းရောင် သေးသေး‌မွှားမွှားလေးတောင် မရှိ။

"Hazel...?"

သူမ နာမည်အား တိုးလျစွာ ခေါ်ရင်း အနောက်ကတံခါးအား Jay အသာလေး ပိတ်လိုက်သည်။

တိတ်ဆိတ်နေတဲ့ အခန်းထဲ သူမဟာ ကုတင်ပေါ်တွင် သူ့အား ကျောပေးလျက် အိပ်နေကြောင်း ကြားနေရသော အသက်ရှူသံ မျှင်းမျှင်းက ပြောပြပေးသည်။

စိတ်သက်သာရာရစွာ သက်ပြင်းဖွဖွတစ်ချက် ချမိပြီး blazer အား ချွတ်ကာ necktie အား ချွတ်ရန် လက်လှမ်းလျက် ပြန်ရောက်ပြီဖြစ်ကြောင်း Jake ဆီ message ပို့ရန် ဖုန်းအား ပြန်ဖွင့်လိုက်သည်။

ထိုအချိန်မှာပဲ...။

"ဟင့်~"

ကုတင်ဆီမှ တိုးလျစွာ ထွက်လာတဲ့ ရှိုက်သံတစ်ချက်။

ရင်ဘတ်ထဲ လှိုက်တက်လာတဲ့ အပူလှိုင်းနှင့်အတူ Jay ဖုန်းအား ပစ်ချကာ ကုတင်ဆီ ခြေလှမ်းသွက်သွက်ဖြင့် သွားလိုက်သည်။

"Hazel? Hazel ဘာဖြစ်လို့လဲ?"

ချော့မှ ပိုတိုးငိုတယ် ဆိုသလို သူမဟာလည်း လက်မောင်းအား အသာ ကိုင်ကာ အကြောင်းအရင်းကို မေးမိတော့ ငေါက်ခနဲ ထထိုင်ကာ သူ့ရင်ခွင်ထဲ တိုး၀င်တယ်။

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now