𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗫𝗜 ❮𝗨𝗻𝗶❯

1.2K 130 17
                                    

အလုပ်မရှိဘူး ရယ်တော့ မဟုတ်ပေမဲ့ သူ့တစ်ဦးတည်းသောလေးကို အပြင် ခေါ်ထုတ်ချင်တာကြောင့် သူ့လက်မှတ် လိုတာတွေက လွဲပြီး Ethan အလုပ်တွေအကုန် အတွင်းရေးမှူးဆီ ထိုးထည့်ခဲ့ကာ သူပိုင်တဲ့ shopping mall တစ်ခုထဲ ကောင်လေးအား ခေါ်လာခဲ့သည်။

"Hoonie နာရီ၀တ်တာ မတွေ့သလိုဘဲ မကြိုက်လို့လား?"

တာ၀န်ကြီး တစ်ခုလို မှတ်ယူပြီး ကောင်လေး လက်နဲ့ ထိကြည့်သမျှ လိုက်၀ယ်ထားတာကြောင့် Ethan လက်ထဲ အထုပ်ကြီး အထုပ်ငယ်ဖြင့်။

ဒါကိုလည်း မမောနိုင် မပန်းနိုင်သေးဘဲ Rolex ဆိုင်ရှေ့ရောက်တော့ ကောင်လေးအား မေးလိုက်သေး၏။

"မကြိုက်တာတော့ မဟုတ်ဘူး မပတ်ဖြစ်တာ"

"အာ... အဲ့လိုဆို ကိုယ်တို့ နာရီတစ်လုံးလောက် ၀င်ကြည့်ရအောင်"

တစ်ဖက်က ခေါင်းညိတ်ကာ လက်ခံချက်အဆုံး ခြေလှမ်းတို့အား နာရီဆိုင်သို့ ဦးတည်လိုက်သည်။

လက်ထဲ ပြည့်ကျပ်နေတဲ့ အထုပ်တွေကြောင့် လူကြီးလူကောင်းဆန်ဆန်တောင် Ethan မှာ ကောင်လေးအတွက် တံခါးမဖွင့်ပေးနိုင်ခဲ့။

ဒါကိုမြင်တော့ ကောင်လေးက ခပ်တိုးတိုးရယ်ပြီး တံခါးဖွင့်ကာ သူ့ကို အရင်၀င်စေတယ်။

"မင်္ဂလာပါ သူဌေး"

၀န်ထမ်းကောင်မလေး၏ နှုတ်ဆက်စကားအား Ethan ပြုံး၍ ခေါင်းညိတ်ကာ တုံ့ပြန်လိုက်ပြီး လက်ထဲက အထုပ်တို့အား ထားထားသည့် cushion ပါ ခုံတွေပေါ် ချလိုက်၏။

"ဒါတွေကို လူခေါ်ပြီး တစ်ချက်လောက် ကိုယ့်ကားထဲ သွားထည့်ခိုင်းပေးပါလား ဒီမှာ ကိုယ့်ကားသော့"

ထုတ်ပေးလိုက်တဲ့ ကားသော့အား သူမဟာ အသာဆွဲယူပြီး 'ဟုတ်ကဲ့ သူဌေး' ဟု ခပ်တိုးတိုး ရွတ်ဆိုကာ ဆိုင်အပြင်သို့ လူခေါ်ရန် ထွက်သွား၏။

"သဘောကျတာ တွေ့လား ကလေးလေး?"

Sunghoon ဟာ မှန်ဘောင်ပေါ် လက်နှစ်ဖက်ထောက်ကာ တင်ပြီး အောက်က နာရီလေးတစ်ခုကို ပြုံးကာ ငုံ့ကြည့်နေသည်။

"သဘောကျတာတော့ မဟုတ်ဘူး ဒီအတိုင်း ဒီတစ်ခုက Jake ကို သတိရစေလို့"

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now