𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗫𝗜𝗩 ❮𝗨𝗻𝗶❯

1.2K 132 33
                                    

သူနဲ့ Hee hyung စ၀င်ကတည်းက ပွဲတက်တဲ့ လူတွေနဲ့ media သမားတွေရဲ့ အာရုံက သူတို့ဆီမှာ။

ဘာကြောင့်လဲ မမေးနဲ့လေ။ Ethan Lee တို့ သူ့ကို ဆင်ပေးထားတာ အာဖရိကက စိန်တွင်းတစ်တွင်းလုံး ရှုံးတယ်။

ဘယ်ဖက်နားက နားပေါက်များကို စိန်သေးသေးလေးတွေ တစ်ပွင့်စီပါတဲ့ နားကပ်လေးတွေနဲ့ ညာဘက်ကိုတော့ နားကပ်ပေါက်နှစ်ပေါက်အတွက် ပြုလုပ်ထားသည့် နားဆွဲလေး။

နားဆွဲလေးက အောက်နားပေါက် အတွက် သံလွင်ရွက်လေးများအား စိန်ဖြင့် လက်နှစ်ဆစ်စာလောက် ပုံဖော်ထားပြီး သူ၏ အောက်တွင်လည်း တဖျတ်ဖျတ်တောက်နေသော ပုခုံးမထိရုံတမယ် ရွှေဖြူကြိုးရှည် မျှင်မျှင်လေးများအား အများအပြား ဆက်ထားသေးသည်။

ဒါကြောင့် လှုပ်လိုက်တိုင်း ထိုကြိုးလေးများက တဖျတ်ဖျတ် တောက်နေသည်မှာ သူ့မျက်လုံးကိုတောင် တစ်ချက်တစ်ချက် လာစူးစေသည်အထိ။

‌ထိုစိန်နားဆွဲက အောက်ပိုင်း မရိုးရှင်းသော်ငြား အပေါ်ပိုင်းကတော့ အနည်းငယ် ရိုးရှင်းခဲ့ပါသည်။

စိန်ပွင့် တစ်ပွင့်ဟာ နားကပ်၏ ထိပ်တွင် ရှိနေခဲ့ပြီး ထိုအရာနှင့် အောက်က နားဆွဲအား သူ့နားအောက် တလှုပ်လှုပ် ဖြစ်နေသော ကြိုးမျှင်မျှင်လေးများနှင့် အလားတူသော ကြိုးဖြင့် ဆက်ထား၏။

ဘယ်လက်လက်ရဲ့ လက်ချောင်းတွေ မှာရော ၊ လက်ဆစ်တွေရဲ့ အပေါ်တွေမှာပါ နေရာယူထားတဲ့ ကြီးတစ်လှည့် သေးတစ်လှည့် စိန်‌အပြည့်ထည့်ထားတဲ့ လက်စွပ်တွေအပြင် Ethan Lee ဟာ ညာဘက်လက်မှာတော့ handchain နှင့် လက်စွပ်အား ဆက်ကာ ရွှေဖြူကြိုးလေးဖြင့် ချိတ်ထားသော လက်၀တ်ရတနာ တစ်မျိုးကိုလည်း ဆင်ပေးသေးသည်။

ဒါ့အပြင် ဘယ်ဘက် လက်ကောက်၀တ်မှာလည်း ဟိုတစ်နေ့က ၀ယ်ပေးခဲ့သည့် ဒိုင်ခွက် အစိမ်းလေးနှင့် နာရီလေးအား ၀တ်ထားခိုင်းသေး။

အဲ့လောက်မှာ ရပ်မယ်ထင်လား?

ဟင့်အင်း။ သူမရပ်ခဲ့ဘူး။

အခု Sunghoon လည်ပင်းမှာ အနည်းငယ် နေရကျပ်သည့် လက်သုံးလုံးစာလောက် အထူရှိသော diamond choker ကြီးက နေရာယူနေသည်။

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now