အပိုင်း(၃၁)

Start from the beginning
                                    

'ဟိုရောက်ရင်တစ်ယောက်တည်းလျှောက်သွားမနေနဲ့ဦးနော်။မဖြစ်မနေသွားရမယ်ဆိုရင်လဲအဖော်လေးဘာလေးခေါ်သွား။ရောက်တာနဲ့ကိုယ့်ကိုဖုန်းဆက်ဖို့မမေ့နဲ့ဦး။ပြီး‌တော့ညတိုင်းလဲviedo callခေါ်ဦး။အချိန်ကွာတာတွေကိုထည့်စဉ်းစားမနေနဲ့' ကျိနမ်ဖုန်နောက်ဆုံးထပ်မှာလိုက်တယ်။မော့လင်ရှီးလဲဒါကိုအကြိမ်ပေါင်းများစွာကြားခဲ့ပြီးပြီဆိုပေမယ့်မငြီးငွေ့နိုင်သေးဘူး။

'အင်း...ဖေးဖေးကိုလဲသွားကြည့်ပေးဦး။ကြည့်ရတာအဖွားရဲ့အခြေအနေကပိုဆိုးလာတယ်ထင်တယ်'

'စိတ်မပူပါနဲ့'

'ခရီးသွားမယ့်ပြည်သူများနားဆင်ပါရှင်။လေယာဉ်အမှတ်TG8158ကထွက်ခွါပါတော့မယ်။ကျေးဇူးပြုပြီးဂိတ်၂၂ကိုလာပေးပါရှင်.......'

ကြေငြာနေတဲ့အသံကိုကြားတော့ နှစ်ယောက်သားအကြည့်ချင်းဖလှယ်လိုက်ကြပြီးမော့လင်ရှီးလဲထွက်ခွါမယ့်ဂိတ်ကိုသွားလိုက်တယ်။သူမခြေလှမ်းသုံးလှမ်း လှမ်းပြီးတိုင်းပြန်ပြန်လှည့်ကြည့်နေလိုက်တယ်။

လဝက်ဘဲကြာမှာဆိုပေမယ့် သူ့ဟင်းချက်လက်ရာနဲ့မခွဲချင်ဘူး။

'......' *အရင်တုန်းကကျတော့သူမကသူကျွေးမွေးတာကိုခံခဲ့ရတာ။အခုတော့သူမဘက်ကသူကျွေးမွေးတာကိုခံချင်နေပြီ.....*

သူမရဲ့ထိုင်ခုံကfirst classမှာ။သူမ လေယာဉ်ပေါ်ကိုရောက်တော့တခြားအဖွဲ့ဝင်တွေကရောက်နေကြပြီ။လေယာဉ်ထွက်တော့သူမဘေးကခုံမှာမ‌မျှော်လင့်ထားတဲ့လူကိုတွေ့လိုက်ရလို့အံ့အားသင့်သွားရတယ်။

'ရှင်ဘယ်လိုလုပ်ပြီးဒီကိုရောက်နေတာလဲ?'

သူကကုန့်ဇယ်ယွင်ဘဲ။

'ကိုယ်ကဘာလို့ဒီမှာရှိလို့မရတာလဲ?' ကုန့်ဇယ်ယွင်ပြုံးလိုက်တယ်။

'ဒါကfirst classဆိုပေမယ့်အများပိုင်နေရာပါနော်' သူစလိုက်တယ်။

'လင်ရှီး ညီမနဲ့ဒီကကိုလူချောနဲ့ကအသိတွေလား?' တိုက်မန်မေးလိုက်တယ်။

မော့လင်ရှီးလဲဘယ်လိုပြန်‌ဖြေရမလဲဆိုတာကိုစဉ်းစားလိုက်ရတယ်။ပြောရမယ်ဆိုရင်ကုန့်ဇယ်ယွင်ကသူတို့ရဲ့သူဌေးလေ။ဝန်ထမ်းတစ်ယောက်အနေနဲ့ဆိုရင်တိုက်မိန်ကသူ့ကိုဒီလိုမျိုးသူငယ်ချင်းပြောမပြောသင့်ဘူးဆိုပေမယ့်သူတို့ရဲ့သူဌေးကလျှို့ဝှက်ပြီးနေတတ်တဲ့သူဆိုတော့သူ့ဝန်ထမ်းတွေကသူ့ကိုမသိတာမထူးဆန်းတော့ပါဘူး။

You've reached the end of published parts.

⏰ Last updated: Sep 23, 2023 ⏰

Add this story to your Library to get notified about new parts!

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now