အပိုင်း(၁၂)

1.2K 129 2
                                    

သူမအလုပ်စတက်တဲ့ပထမဆုံးနေ့မှာထွေထွေထူးထူးဘာမှမဖြစ်ခဲ့ဘူး။သူမလုပ်စရာရှိတာတွေလုပ်ပြီးတော့စောစောရုံးဆင်းခဲ့တယ်။အပြင်မှာကျိနမ်ဖုန်ကသူမကိုစောင့်နေတာကိုတွေ့တော့အံ့ဩသွားရတယ်။

'ရှင်ဒီကိုဘယ်လ်ိုလုပ်ပြီးရောက်လာတာလဲ?'

'မင်းကိုလာကြိုတာလေ ကားပေါ်တက်'

မော့လင်ရှီးဘာမှမပြောတော့ဘဲကားထဲဝင်လိုက်တယ်။အခုတလောကျိနမ်ဖုန်ရဲ့အပြုအမူတွေကိုသူမနားမလည်နိုင်တော့ဘူး။

ကားမောင်းနေရင်းနဲ့တစ်အောင့်လောက်တိတ်သွားပြီးတော့မှကျိနမ်ဖုန်မေးလိုက်တယ်: 'မင်းဘာလို့တိတ်ဆိတ်နေရတာလဲ?'

မော့လင်ရှီးလဲဘယ်လိုပြန်ဖြေရမှန်းမသိဘူးဖြစ်နေတယ်။သူမအကြောင်းအရာတစ်ခုခုကိုပြောမလို့စဉ်းစားလိုက်ပေမယ့် သူမတို့တွေကတစ်နေရာမှမတူကြဘူးဆိုတာကိုသိသွားတယ်။

အဲ့ဒါကြောင့်လဲသူကသွမ့်အန်းရန်နဲ့ဆိုအဆင်ပြေတာကမထူးဆန်းတော့တာပေါ့။သူတို့နှစ်ယောက်ကဘွဲ့လဲတူတော့ ပေါင်းသင်းဆက်ဆံရတာလဲအဆင်ပြေတာပေါ့။

'မနက်ဖြန်ညကျရင်ကိုယ်တို့ပွဲတစ်ခုတက်စရာရှိတယ်။အဲ့ဒါကြောင့်ကိုယ်မင်းအတွက်ဝတ်စုံလိုက်ဝယ်ပေးမလို့' သူမတိတ်နေတာကိုမြင်တော့ကျိနမ်ဖုန်ဘဲစကားစပြောလိုက်တယ်။

'ဘယ်ပါတီပွဲကိုတက်ရမှာလဲ?'

'အဖိုးရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့မွေးနေ့ပါတီ။ကျိတစ်မိသားစုလုံးသွားကြမှာ'

'ရှင်သူ့ကိုမခေါ်.....' မော့လင်ရှီးတစ်ဝက်မှာရပ်လိုက်တယ်။

မော့လင်ရှီးပြီးအောင်မပြောလိုက်ပေမယ့် သူမဘာပြောချင်နေလဲဆိုတာကိုသူသိတယ်။သူသွမ့်အန်းရန်ကိုမခေါ်သွားဘူးလားဆိုပြီးမေးချင်နေတာ။ဒါကလဲမထူးဆန်းပါဘူး...သူကလဲလက်ထပ်ပြီးကတည်းကဘယ်ပွဲကိုမဆိုသွမ့်အန်းရန်နဲ့ဘဲအတူတူတက်ခဲ့တာကိုး။

ကားထဲမှာပြန်တိတ်ဆိတ်သွားတော့ကျိနမ်ဖုန်လဲအနည်းငယ်စိတ်ဓါတ်ကျသွားမိတယ်။မော့လင်ရှီးသူနဲ့စကားသိပ်မပြောတာကသူ့ကိုမကြိုက်လို့မဟုတ်ဘဲ သူကသူမအတွက်အရမ်းကိုအရေးကြီးလွန်းလို့သူနဲ့ပတ်သက်ရင်အမြဲသတိထားနေတာ။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now