အပိုင်း(၁၆)

1K 105 3
                                    

တစ်မနက်မှာ မော့လင်ရှီးအလုပ်ခုံမှာထိုင်ပြီး အေးအေးဆေးဆေးဒီဇိုင်းထိုင်ဆွဲနေလိုက်တယ်။နေ့လည်ရောက်တော့အားလုံးအလျှိလျှိုနဲ့ထွက်သွားကြတယ်။ကျိနမ်ဖုန်သူမကိုဖုန်းလှမ်းဆက်တော့မှနေ့လည်ညစာစားချိန်ရောက်နေပြီဆိုတာကိုသိလိုက်တယ်။

'ရှင်မလာပါနဲ့တော့။ကျွန်မဒီအနီးအနားမှာဘဲသွားစားလိုက်‌တော့မယ်'

သူ့တက္ကသိုလ်ကနေကျိုးဇီကိုလာမယ်ဆိုရင်မိနစ်၂၀လောက်ကြာမှာ။အသွားအပြန်ဆိုရင်မိနစ်လေးဆယ်တောင်ကြာမှာဆိုတော့ အချိန်ဖြုန်းသလိုဖြစ်နေတယ်။

'ကောင်းပြီလေ...ဒါဆိုကိုယ်ညနေမှဘဲလာကြိုတော့မယ်'

'အင်း' သူမဖုန်းပြောလို့ပြီးသွားတော့ပစ္စစည်းတွေကိုသိမ်းပြီး နေ့လည်စာစားဖို့အောက်ထပ်ကိုဆင်းလာခဲ့တယ်။

မိနစ်အနည်းငယ်လောက်လမ်းလျှောက်ပြီးသွားတော့ ရုတ်တရက်ကားချင်းတိုက်တဲ့အသံတွေကိုကြားလိုက်ရတယ်။သူမလဲအလိုလိုလှည့်ကြည့်မိသွားတော့ အနောက်မှာပရမ်းပတာတွေဖြစ်နေတာကိုတွေ့လိုက်ရတယ်။တစ်ဖက်မှာကရဲတွေရှိနေပြီးအခြားတစ်ဖက်မှာကမျက်နှာဖုံးတွေစွပ်ထားတဲ့လူတစ်စုရှိနေကြတယ်။ကြည့်လိုက်တာနဲ့သူတို့တွေကရာဇဝတ်သားတွေမှန်းသိနိုင်တယ်။မော့လင်ရှီးလဲသူတို့မမြင်နိုင်တဲ့နေရာမှာအမြန်ဝင်ပုန်းလိုက်တယ်။အခုအချိန်ကသူမအတွက်မလုံခြုံဘူးဆိုတာကိုသူမသိတယ်။

တစ်ဖက်မှာ၁၀ယောက်ဆီရှိနေကြပြီးလူညီနေကြတယ်။အားလုံးမှာသေနတ်ကိုယ်စီရှိနေကြပြီး သူတို့ပြောနေကြတာတွေကိုနားထောင်ကြည့်လိုက်တော့ သူတို့တွေကမူး‌ယစ်ဆေးဝါးကိုရောင်းဝယ်ဖောက်ကားနေကြသူတွေဖြစ်နိုင်တယ်လို့သူမကောက်ချက်ချလိုက်တယ်။

နှစ်ဦးနှစ်ဖက်အကြိတ်အနယ်ပစ်ခတ်နေကြတဲ့အချိန်မှာ စည်းမဲ့ကမ်းမဲ့မောင်းလာတဲ့ကားတစ်စီးကပိတ်ထားတဲ့လမ်းကိုတိုက်ပြီးမောင်းထွက်သွားတယ်။

အဲ့ဒါကိုအခွင့်ကောင်းယူပြီး ရာဇဝတ်သားတွေကရဲတွေကိုပစ်ဖို့အခွင့်ပိုသာသွားတယ်။ဒီလိုမြင်ကွင်းမျိုးကိုမော့လင်ရှီးပထမဆုံးအကြိမ်မြင်ဖူးတာဘဲ။သူမထောင့်အကွယ်လေးမှာပုန်းနေပြီးအသက်တောင်ပြင်းပြင်းမရှူရဲဘူး။ဒါပေမယ့်သူမပုန်းဖို့ရွေးချယ်လိုက်တဲ့နေတဲ့နေရာကနေရာကောင်းဖြစ်သွားလို့တော်သေးတယ်။နှစ်ဖက်လုံးကသူမကိုလှည့်ကြည့်လာကြရင်တောင်မှမြင်ရမှာမဟုတ်ဘူး။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now