အပိုင်း(၇)

1.7K 146 4
                                    

'မင်းယူထားလိုက်ပါ။အိမ်ကသိပ်ပြီးအသက်မဝင်သေးဘူး။ပစ္စည်းတစ်ချို့ထပ်ထည့်လိုက်ရင်ကောင်းမယ်နဲ့တူတယ်။မင်းစိတ်တိုင်းမကျတဲ့ဟာတွေရှိရင်အသစ်ဝယ်ပြီးမင်းစိတ်တိုင်းကျအစားထိုးလိုက်လို့ရတယ်'

'အိုး ကောင်းပြီလေ' ကျိနမ်ဖုန်ကဒ်ကိုပြန်မယူတော့ဖို့ဆုံးဖြတ်ထားတယ်ဆိုတာကိုသိသွားတော့ သူမလဲထပ်မငြင်းချင်တော့ဘူး။အဲ့ဒါပြီးတော့ဘယ်သူမှစကားမပြောဖြစ်ကြတော့တာကျိနမ်ဖုန်ရဲ့ဖုန်းမဝင်လာခင်အချိန်အထိဘဲ။

'အကိုသုံးအားလား?ကျွန်တော်တို့အခုဟုန်ရှင်းကိုရောက်နေကြတာ။အကိုတစ်လဲခွင့်ရလို့ရောက်နေတယ်။အဲ့ဒါကြောင့်အားလုံးဆုံကြရအောင်။အကိုနှစ်ကလုပ်စရာရှိလို့မလာဖြစ်ဘူးတဲ့။အကိုသုံးလဲမလာဘူးလို့တော့လာမပြောနဲ့' တစ်ဖက်ကနေယောက်ျားသံကိုကြားလိုက်ရတယ်။

ကျိနမ်ဖုန်ပြန်မပြောသေးဘဲဖုန်းကိုနားကနေခွါလိုက်ကာမော့လင်ရှီးကိုကြည့်ပြီးမေးလိုက်တယ်: 'မင်းခဏနေရင်ဘယ်သွားမှာလဲ?'

'ကျွန်မဟုန်ရှင်းရှော့ပင်းမောလ်ကိုသွားမလို့။မန်မန်လဲအဲ့ဒီကိုလာမှာ'

'ငါလာခဲ့မယ်' ကျိနမ်ဖုန်ပြန်ဖြေလိုက်ပြီးတစ်ဖက်ကပြန်ပြောလာမှာကိုမစောင့်တော့ဘဲဖုန်းချလိုက်တယ်။

'တိုက်ဆိုင်လိုက်တာ။ကိုယ်လဲအဲ့ဒီကိုသွားမှာ။ကိုယ်မင်းကိုဝင်ပို့ပေးမယ်'

'ဒါပေမယ့်.....ကျွန်မ.....မန်မန်နဲ့တွေ့ဖို့ချိန်းထားတာကနေ့လည်၁နာရီမှ'

'မန်မန်မရောက်ခင်အချိန်ထိမင်းကိုယ်နဲ့နေနေပေါ့' ကျိနမ်ဖုန်အကြံပေးလိုက်တယ်။

'ရှင်နေ့လည်လုပ်စရာရှိတယ်မဟုတ်ဘူးလား?' မော့လင်ရှီးသူ့ကိုမော့ကြည့်ပြီးမေးလိုက်တယ်။

'အင်း မတွေ့တာကြာတဲ့သူငယ်ချင်းတွေနဲ့သွားတွေ့မလို့'

ဟုန်ရှင်းစင်တာကAမြို့ရဲ့အကြီးဆုံးဈေး
ဝယ်စင်တာဘဲ။အဆင့်အတန်းမြင့်တဲ့အဆောက်အဦးဖြစ်တဲ့အပြင် လူတွေကလဲနေ့နေ့ညညအမြဲစည်ကားနေတယ်။တခြားဈေးဝယ်စင်တာတွေဆိုရင် ညဘက်ဆိုလူနည်းသွားတာ။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now