နောက်တစ်နေ့ရုံးဆင်းတော့သူမအိမ်ကိုပြန်ပြီးအဝတ်အစားပြန်လဲလိုက်တယ်။သူမဆံပင်ကိုငါးရိုးလေးကျစ်ပြီး အနက်ရောင်ပွဲတက်ဝတ်စုံကိုဝတ်ကာမိတ်ကပ်ကိုပါးပါးလေးဘဲလိမ်းလိုက်တယ်။သူမကသဘာဝအတိုင်းဆိုရင်လဲလှတယ်ဆိုပေမယ့် ဒီလိုပြင်ဆင်လိုက်တော့ပိုပြီးတောက်ပသွားတယ်။
ပါတီကျင်းပတဲ့နေရာကကျိနမ်ဖုန်ရဲ့တက္ကသိုလ်နဲ့ဆိုနီးနီးလေးဘဲ။သူအစကသူမကိုလာပြန်ကြိုပြီးမှအတူတူသွားဖို့လုပ်ထားပေမယ့် သူအလုပ်ရှုပ်မှာစိုးတာနဲ့မော့လင်ရှီးငြင်းလိုက်တယ်။အဲ့ဒါကြောင့်သူမကိုကြိုလာပေးဖို့သူဒရိုင်ဘာထားသွားတယ်။
'အကိုကျိရဲ့အလှလေးသွမ့်ကဘယ်မှာလဲ?' ကြက်သွေးရောင်အနောက်တိုင်းဝတ်စုံကိုဝတ်ထားလူတစ်ယောက်ကဝိုင်ခွက်ကိုကိုင်ပြီးကျိနမ်ဖုန်အနားကိုလျှောက်လာကာမေးလိုက်တယ်။
သူ့နာမည်ကိုခေါ်လိုက်တဲ့အသံကိုကြားလိုက်တဲ့အချိန်မှာကျိနမ်ဖုန်ကပါတီကျင်းပတဲ့ အဖိုးထန်နဲ့စကားပြောနေတာ။သူပြန်မွေးဖွားလာတဲ့အချိန်မှာ တစ်ချို့လူတွေကိုဆိုသိပ်မမှတ်မိတော့ဘူး။ပြောတဲ့လူကဘယ်သူလဲဆိုတာကိုသိဖို့သူတော်တော်စဉ်းစားလိုက်ရတယ်။
အဲ့ဒီလူကဝေ့ရန်ဘဲ။သူကဖအေအားကိုးနဲ့ထင်ရာစိုင်းနေတာ။သူကမောက်မာတဲ့အပြင်မုန်းစရာလဲကောင်းပေမယ့် မကောင်းတဲ့အလုပ်တွေကိုတော့မလုပ်ဖူးသေးဘူး။ဘယ်လိုဘဲဖြစ်ဖြစ်အရင်ဘဝတုန်းကရောအခုဘဝရောသူ့ရဲ့ပါးစပ်တစ်ပေါက်ကြောင့်မုန်းစရာကောင်းနေတုန်းဘဲ။သူ့အရင်ဘဝတုန်းကလဲဝေ့ရန်ကသွမ့်အန်းရန်နဲ့ပတ်သက်ပြီးသူ့က်ိုအမြဲရွဲ့စောင်းပြီးပြောနေခဲ့တာ။
'အကိုဝေ့ကဘယ်သူ့ကိုပြောနေတာလဲ?ကျုပ်အဲ့ဒီလူကိုမမှတ်မိဘူး'
ဝေ့ရန်မျက်လုံးတွေကိုမှေးစင်းပြီးကြည့်နေရင်းနဲ့တစ်ခုခုကိုသတိရသွားပြီးပြောလိုက်တယ်: 'မင်းမတော်တဆမှုတစ်ခုကြောင့်အတိတ်မေ့သွားတယ်လို့ကြားထားတာ တကယ်ဘဲအမှန်ဖြစ်နေတာကိုး'
ပြောလို့ပြီးတာနဲ့ဝေ့ရန်ထွက်သွားတယ်။
'နမ်ဖုန် ရှင်လဲလာမယ်ဆိုတာကိုကျွန်မအခုမှသိတာ' ဝေ့ရန်ထွက်သွားတာနဲ့ချက်ချင်းဘယ်ကနေပေါ်လာမှန်းမသိတဲ့သွမ့်အန်းရန်တစ်ယောက်ရောက်လာတယ်။
YOU ARE READING
ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်
Romanceအချစ်ကဒုတိယအကြိမ်အခွင့်အရေးကိုရှာတွေ့နိုင်ရဲ့လား? မော့လင်ရှီးတစ်ယောက်အရင်ဘဝတုန်းကသုံးကြိမ်ခွဲစိတ်ခန်းထဲဝင်ခဲ့ရတယ်။ ပထမအကြိမ်ကသူ့ကလေးကိုမွေးတော့။ဒါပေမယ့်သူကတော့တစ်ခြားယောက်ျားတစ်ယောက်နဲ့ရခဲ့တဲ့ကလေးလို့ထင်နေခဲ့တယ်။ဒုတိယအကြိမ်ကသူမနှလုံးရောဂါဖြစ်တော့။ဒါ...