အပိုင်း(၂၂)

907 80 1
                                    

*ပြီးတော့နင်ငါ့ကိုမောင်းထုတ်မယ့်အတွေးတွေကိုဖျောက်ပစ်လိုက်တော့။ငါကနင် နင်ကငါဘဲ။ငါဖြေး‌ဖြေးချင်းနင်နဲ့ပေါင်းစည်းသွားမှာ။ငါကိုနင့်ရဲ့ဒုတိယစရိုက်လို့နင်မှတ်ယူနိုင်တယ်။အကြောင်းပြချက်မရှိဘဲနဲ့တော့ငါထွက်မလာဘူး။ဒါပေမယ့်ငါထွက်လာရင်တော့အကုန်လုံးကိုငါဘဲထိန်းချုပ်သွားမှာ*

'လုပ်ပေးမှာပေါ့။မင်းစိတ်ကျေနပ်အောင်ကိုယ်ဘယ်လ်ိုလုပ်ပေးရမလဲ?မင်းသာပျော်မယ်ဆိုရင်ကိုယ်ဘာမဆိုလုပ်ပေးမယ်' ကျိနမ်ဖုန်သူမခေါင်းလေးကိုပွတ်သပ်ပြီးပြောလိုက်တယ်။

ကျိနမ်ဖုန်လွယ်လွယ်နဲ့သဘောတူလိုက်လို့မော့လင်ရှီးတောင်အံ့ဩသွားတယ်။

'အင်း....အဲ့ဒါက....အဲ့ဒါက...' သူမရဲ့စိတ်ကဘယ်ကမှန်းမသိရုတ်တရက်ထထပေါ်လာတဲ့ဆီကိုရောက်နေရာကနေကျိနမ်ဖုန်ဆီကိုပြောင်းသွားတော့အခုသူမသေချာမတွေးနိုင်သေးဘူး။

*ဟင်း.....ရူးမိုက်လိုက်တာ.....ဒါကြောင့်ငါအရင်ဘဝတုန်းကအဲ့လ်ိုအဆုံးသတ်ခဲ့ရတာပေါ့* သူမစိတ်ထဲကအသံကပြောလာတယ်။

'အခုတော့ကျွန်မစဉ်းစားလို့မရသေးဘူး။ရှင်ကျွန်မအပေါ်အကြွေးတင်နေတယ်လို့မှတ်ထားလိုက်ပေါ့။နောက်ကျွန်မစဉ်းစားလို့ရရင်ပြန်ပြောမယ်လေ' မော့လင်ရှီးပြောလိုက်တယ်။အတိအကျပြောရမယ်ဆိုရင်နောက်မော့လင်ရှီးတစ်ယောက်ကပြောလိုက်တာ။

'အို‌ခေလေ...မင်းပြောတာမှန်သမျှကိုယ်လုပ်ပေးမယ်' ကျိနမ်ဖုန်ပြန်ပြောလိုက်တယ်။သူမပြောင်းလဲသွားတယ်ဆိုတာကိုသူခံစားမိနေပေမယ့် ဒါကသူမအပေါ်ထားတဲ့သူ့အချစ်တွေကိုတော့လျော့မသွားစေဘူး။သူမကဘယ်လိုပုံစံဘဲဖြစ်နေပါစေ သူကတော့သူမကိုဆက်ချစ်နေမှာဘဲ။သူမလှချင်လှမလှချင်နေ။ကြင်နာတတ်ချင်ကြင်နာမကြင်နာတတ်ရင်လဲနေပါစေ။သူမကလေးဆန်လာပြီးမစဉ်းစားမဆင်ခြင်တတ်ဘဲစိတ်ဆိုးစိတ်ကောက်လွယ်လာပါစေသူကတော့အရင်လိုဆက်ချစ်နေဦးမှာဘဲ။အရင်ဘဝတုန်းကလိုမျိုးမဖြစ်လာရင်ရပြီ။သူမတစ်ယောက်တည်းအထီးကျန်အဖော်မဲ့နေပြီးတွေးချင်ရာတွေးနေတဲ့သူမျိုးမဖြစ်စေချင်ဘူး။သူကတကိုယ်ကောင်းဆန်တယ်။တကိုယ်ကောင်းဆန်တာမှ သူမသာသူ့ဘေးမှာဘေးမသီရန်မခဘဲဆက်နေနိုင်ဖို့ဆိုရင်သူဘာဘာမဆိုလုပ်ပေးမှာ။ဘာလို့လဲဆိုတော့ သူမမရှိရင်သူရူးသွားမှာမို့လို့ဘဲ။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now