အပိုင်း(၁၁)

1.4K 141 2
                                    

‌'တကယ်လား?' မော့လင်ရှီးအံ့ဩသွားပြီးထထိုင်လိုက်တယ်။အခန်းကမှောင်နေတော့သူမဘာကိုမှသဲသဲကွဲကွဲမမြင်ရပေမယ့်လဲမျက်လုံးလေးပြူးပြီးကြည့်လိုက်တယ်။

အဲ့ဒီနေ့တုန်းကသူမဘာမှမသိတော့တဲ့အထိကိုအရက်သောက်နေခဲ့တာ။သူမလဲနိုးလာရောဆေးရုံကိုရောက်နေပြီ။နောက်မှသူမသိလိုက်တာက သူမအခန်းကမီးလောင်သွားပြီး သူမရဲ့ဘေးခန်းမှာရှိတဲ့ကျိနမ်ဖုန်ရဲ့အခန်းကိုလဲမီးကူးသွားတယ်တဲ့။ကျိနမ်ဖုန်လဲမီးခိုးငွေ့တွေကိုရှူမိသွားလို့သတိမေ့သွားတယ်တဲ့။

တိုက်တိုက်ဆိုင်ဆိုင်ဘဲ သွမ့်အန်းရန်ကဟိုတယ်ကိုရောက်လာပြီး မီးတွေကြားထဲကိုအရဲစွန့်ဝင်ပြီးကျိနမ်ဖုန်ကိုကယ်ခဲ့တယ်။အဲ့ဒါကြောင့်သွမ့်အန်းရန်ရဲ့လက်ကိုမီးလောင်သွားပြီး အမာရွတ်အကြီးကြီးကျန်နေခဲ့တယ်။

သူမကိုကျတော့အစောကြီးကယ်ထုတ်နိုင်ခဲ့လို့ ထွေထွေထူးထူးဘာမှမဖြစ်လိုက်ဘူး။ဒါပေမယ့်လဲဆေးရုံမှာနှစ်ပတ်လောက်နေလိုက်ရတယ်။

ပြောရမယ်ဆိုရင်ကျိနမ်ဖုန်ကအခြေအနေအဆိုးဆုံးဖြစ်သွားတာ။သူအကြာကြီးသတိမေ့သွားခဲ့ပြီးနိုးလာတော့လဲအတိတ်ပါမေ့သွားတယ်။မော့လင်ရှီးလဲအဲ့ဒါကိုထူးဆန်းတယ်လို့ထင်နေပေမယ့် ဘာကထူးဆန်းနေလဲဆိုတာကိုတော့သူမမပြောနိုင်ဘူး။

သူမကိုယ်သူမအပြစ်တင်နေတာတွေရပ်သွားအောင်ကျိနမ်ဖုန်ဆက်ပြောလိုက်တယ်: 'တစ်ယောက်ယောက်ကကြိုတင်ကြံစည်ထားတာ။ဘယ်သူလဲဆိုတာကိုတော့ကိုယ်ရှာမတွေ့သေးပေမယ့်မင်းတော့မဟုတ်ဘူး။အဲ့ဒါကြောင့်အဲ့ဒီကိစ္စအတွက်မင်းကိုယ်မင်းအပြစ်မတင်ပါနဲ့တော့'

လုပ်တဲ့သူကသွမ့်အန်းရန်ဆိုတာကိုသူသိပေမယ့်သက်သေတော့မပြနိုင်သေးဘူး။သူဒီတစ်ညနေခင်းလုံးလိုက်စုံစမ်းတာတောင်မှ မီးကမော့လင်ရှီးအခန်းကနေ‌စလောင်တာမဟုတ်တာကိုဘဲသက်သေပြနိုင်ခဲ့တယ်။မီးရှီု့တဲ့သူကသွမ့်အန်းရန်ဆိုတာကိုဘယ်သူမှမသိကြဘူး။သူတောင်အရင်ဘဝတုန်းကသွမ့်အန်ရန်ကိုယ်တိုင်ဝန်ခံနေခဲ့တာကိုမကြားခဲ့ရင်မော့လင်ရှီးကိုဘဲသံသယဝင်နေဦးမှာ။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now