အပိုင်း(၂၃)

1.1K 88 3
                                    

အချိန်တစ်ခုလောက်အထိတော့သူမရဲ့ခြေထောက်ကဒဏ်ရာကြောင့်အဆင်မပြေဖြစ်နေလိမ့်မယ်။သူမအပြည့်အဝပြန်ကောင်းဖို့ဆိုရင်နှစ်ပတ်လောက်တော့ကြာဦးမယ်။ကံကောင်းလို့ ပိုင်ရှားပြပွဲကလဲတစ်လလောက်လိုသေးတယ်။သူမရွေးချယ်ခံရတယ်ဆိုရင်ပြပွဲမတိုင်ခင်နှစ်ပတ်အလိုလောက်မှအကြောင်းကြားမှာဆိုတော့အဲ့ဒီအချိန်ကျရင်သူမရဲ့ခြေထောက်ကလဲပြန်ကောင်းနေပြီ။

ကုမ္ပဏီမှာကလဲလက်ရှိအလုပ်သိပ်မများတာနဲ့မြောင်ပိုင်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုရှင်းဖို့လုပ်လိုက်တယ်။

ကျိနမ်ဖုန်လဲအစကတော့သူမအနားမှာနေပေးဖို့ခွင့်နှစ်ပတ်ယူမလို့ကျောင်းကိုစာတင်ခဲ့ပေမယ့်ချက်ချင်းအငြင်းခံလိုက်ရတယ်။မော့လင်ရှီးလဲသူမကိုစောင့်ရှောက်ပေးဖို့နဲ့အိမ်မှုကိစ္စလေးတွေကိုလုပ်ပေးဖို့အိမ်အကူတစ်ယောက်ခေါ်လိုက်ရင်ရပြီလို့ထင်တယ်။သူပါရှိနေပေးရလောက်တဲ့အထိတော့မလိုဘူးလေ။ပြီးတော့သူလဲတစ်ပတ်မှာအတန်းချိန်ကဘယ်လောက်မှမရှိတော့ ကျန်တဲ့အချိန်တွေဆိုအိမ်ကိုပြန်လာရင်လဲရနေတာဘဲ။

ဒါပေမယ့်ကျိနမ်ဖုန်ရဲ့အတွေးကတော့သူမနဲ့မတူဘူး။ဒဏ်ရာရနေတဲ့သူ့မိန်းမကိုအိမ်မှာတစ်ယောက်တည်းထားခဲ့ရမှာသူစိတ်မချဘူး။အဲ့ဒါကြောင့်နောက်ဆုံးတော့ သူကျောင်းမှာစာသွားသင်ရင်သူမပါလိုက်ရမယ်ဆိုပြီးသဘောတူညီမှုလုပ်လိုက်တယ်။သူစာသင်နေလို့ရှိရင်သူမကကျောင်းသားတွေနဲ့အတူတူထိုင်ပြီးနားထောင်နေပေါ့။ဒါပေမယ့်ကျောင်းထဲမှာတော့သူတို့အတူတူတွဲပြီးမနေကြဘူး။

ကျောင်းမှာတော့ကျိနမ်ဖုန်ကပေါ်ပြူလာဖြစ်နေတယ်။ငယ်ငယ်ရွယ်ရွယ်ကျောင်းသူလေးတွေကကျိနမ်ဖုန်ကိုပိုပြီးစွဲလန်းလာကြတယ်။သူ့ရဲ့ဝတ်ပုံစားပုံဘဲဖြစ်ဖြစ်နေပုံထိုင်ပုံဘဲဖြစ်ဖြစ်အားလုံးကဆွဲဆောင်မှုရှိနေတယ်။ကျောင်းသူလေးတွေကကျိနမ်ဖုန်ဘယ်လောက်တောင်ချောကြောင်းပြောဆိုနေကြပြီး ကျောင်းသားတွေကလဲသူတို့ကိုယ်သူတို့ကျိနမ်ဖုန်နဲ့မနှိုင်းယှဉ်ရဲကြဘူး။

ဒါပေမယ့်အဲ့ဒါကိုမော့လင်ရှီးကတော့မသိဘူး။

ကျောင်းထဲမှာနောက်ထပ်ဟိုးလေးတစ်ကျော်ကျော်ဖြစ်လာတဲ့ကိစ္စတစ်ခု‌ကလဲပေါ်လာပြန်တယ်။အဲ့ဒါကတော့မော့လင်ရှီးကြောင့်ဘဲ။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now