အပိုင်း(၃၀)

Start from the beginning
                                    

'အော် ဒါနဲ့ဖေးဖေးကိုဒရိုင်ဘာကအိမ်ပြန်ပို့ပေးခဲ့တာမဟုတ်လား?သူတို့ဘယ်မှာနေလဲဆိုတာကိုရှင်သိလား?ကျွန်မအလုပ်မများရင်သွားလည်မလို့စိတ်ကူးထားလို့။အမှန်တော့ဖေးဖေးကသနားစရာကောင်းတဲ့ကလေးတစ်ယောက်ပါ.....' မော့လင်ရှီးသူ့ကိုဖေးဖေးအကြောင်းအကုန်ပြောပြလိုက်တယ်။ပြီးတော့ဖေးဖေးကိုသူမချစ်တယ်ဆိုတာပါထည့်ပြောလိုက်တယ်။

တစ်ယောက်ကပြောပြနေပြီးတစ်ယောက်ကအာရုံစိုက်ပြီးနားထောင်နေတယ်။ဆိုဖာ‌ ပေါ်မှာကျိနမ်ဖုန်သူမကိုဖက်ထားရင်းနဲ့သူမပြောတာကိုပြုံးပြီးနားထောင်နေလိုက်တယ်။သူတို့ကိုယ်ပေါ်ကိုနေရောင်ခြည်ကလဲဖြာကျနေတယ်။

အချိန်တွေကုန်လာတာနဲ့အမျှ လူတွေရဲ့အောင်မြင်တာနဲ့ကျရှုံးတာကိုကြည့်ပြီး ကောင်းတဲ့အမှတ်တရတွေနဲ့ဆိုးတဲ့အမှတ်တရတွေကဖြစ်ပေါ်လာတယ်။ဒါကြောင့်အခုလိုသူမနဲ့အတူတူရှိနေရတဲ့အချိန်လေးကသူ့အတွက်တော့တန်ဖိုးမဖြတ်နိုင်တဲ့အပျော်ရွှင်ဆုံးအချိန်တွေဘဲ။

သူမဒီလိုလေးဘဲသူ့ကိုစည်းခြားမထားတော့ဘဲလွတ်လွတ်လပ်လပ်ပြောဆိုဆက်ဆံနေတာကိုသူသဘောကျတယ်။

ကားaccidentဖြစ်တာကြာနေပြီဆိုပေမယ့် အဲ့ဒီနေ့တုန်းကသွမ့်အန်းရန်သူ့ကားထဲမှာဘာလို့ရောက်နေတာလဲဆိုတာကိုသူမအခုထိမမေးသေးဘူး။သူလဲအဲ့ဒီတုန်းကသူမဘာတွေလုပ်နေခဲ့လဲဆိုတာကိုမမေးဘူး။သူတို့တွေကတစ်ယောက်ကိုတစ်ယောက်နားလည်မှုရှိတဲ့အတွက်ပျော်ရွှင်စရာမကောက်းတဲ့မှတ်ဉာဏ်တွေကိုအစပြန်မဖော်ချင်တော့ဘူး။

အချိန်အတော်အကြာအနားယူပြီးတော့မော့လင်ရှီးရဲ့ဒဏ်ရာတွေကလဲပြန်ကောင်းလာပြီ။ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေမလုပ်ဘဲပုံမှန်နေ့စဉ်သွားလာတာဘဲဆိုရင်အဆင်ပြေပြီ။

မကြာခင်မှာပိုင်ရှားပြပွဲကျင်းပမယ့်နေ့ကိုရောက်လာတော့မယ်။ဝတ်စုံတွေရဲ့အဆင့်ကိုပြပွဲနေ့မှာမှကြေငြာမှာမို့လို့ မော့လင်ရှီးလဲသူမရဲ့ဝတ်စုံကဘယ်အဆင့်ရလဲဆိုတာကိုမသိရသေးဘူး။

ပိုင်ရှားပြပွဲကိုAမြို့မှာကျင်းပမှာ။ဒီပြပွဲကဖက်ရှင်လောကနဲ့စီးပွါးရေးလောကကိုအကြီးမားဆုံးသက်ရောက်မှုရှိစေတယ်။ဒီပွဲကိုလူတော်တော်များများကတက်ရောက်ကြမှာ။ကြိုတင်ပြင်ဆင်ထားတဲ့အနေနဲ့မော့လင်ရှီးတို့အဖွဲ့ကပြင်သစ်ကိုနည်းနည်းစောစောကြိုသွားကြမှာ။ဒါကအလုပ်ကိစ္စနဲ့ခရီးသွားတာလို့ပြောရမယ်။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now