" စေရာ ရန်ကုန်ကို ထပ်ပြီး ရှာပေးထားအုံး၊၊ အခု ငါ အပြင် ခဏသွားအုံးမယ် "

" ဟုတ်ကဲ့အစ်ကို မင်းသန့်"

စေရာခေါင်းကို ခပ်ဖွဖွ ပုတ်လျက်ဖြင့် အစ်ကိုမင်းသန့်က အခန်းအပြင်ဘက်သို့ထွက်သွားလေသည်၊၊ အပုတ်ခံလိုက်ရသော ခေါင်းကို စေရာ ခပ်ဖွဖွ ပွတ်လျက်ဖြင့် ပြုံးရယ်နေမိတော့သည်၊၊ အစ်ကိုမင်းသန့်က စေရာကို ရူးအောင်လုပ်နေတာဘဲ

////////////

လူပေါင်းစုံ သွားလာလှုပ်ရှားနေသော ကုန်တိုက်တစ်ခု၊၊ အပြင်သို့မရောက်တာ ကြာပြီဖြစ်နေသော ရန်မှာတော့ တောသားမြို့တတ်သလိုပင် ဟိုကြည့်ဒီကြည့်နဲ့ပင်၊၊ လေးငါးနှစ်လောက်ထိ အပြင်ထွက်ခွင့်မရဘဲ ချုပ်နှောင်ခံထားရတာမို့ အခုလို ပထမဆုံး အပြင်ထွက်လာရတဲ့ အချိန်မှာတော့ မြင်မြင်သမျှက ရန်အတွက် ဆန်းသစ်နေလေသည်၊၊

"အစ်ကိုရန် လာလေ လျှောက်ငေးမနေနဲ့"

အရှေ့ကနေ ဦးဆောင်သွားနေသော ရွန်က သတိပေးကာ လှမ်းပြောလာသည်၊၊ ရစ်အိမ်တော်မှာ နေတဲ့ နှစ်ပတ်အတွင်း ရွန်နဲ့ အတော်ကို ရန် ရင်းနှီးနေပြီ ဖြစ်သည်၊၊ ဟိုသကောင့်သား မာဗာရစ်ဆိုတဲ့ အမွှေးထူတဲ့ လူနဲ့ကတော့ တွေ့တာနဲ့ သတ်ကြသည်၊၊ တည့်တဲ့အချိန်ဆိုတာ မရှိသ‌လောက်ပင်၊၊ မဟုတ်ဘူး တည့်တဲ့အချိန်ဆိုတာ ရန်နဲ့ မာဗာရစ်မှာ လုံးဝကိုမရှိတာ

မန္တလေး ဘက်ကို အလုပ်ကိစ္စ နဲ့ ထွက်သွားတဲ့ မာဗာရစ်က တစ်ပတ်လောက်အကြာမှ အိမ်ကို ပြန်ရောက်မည်ဟု ရန် ရွန်ဆီကနေ ကြားထားသည်၊၊ မာဗာရစ်က ခရီးသွားနေသည်မှာ ဒီနေ့နဲ့ဆို နှစ်ရက်မြှောက်ဖြစ်သွားပြီဖြစ်သည်၊၊ ထို့ကြောင့် ရန်မှာ အခုမှ နေရထိုင်ရတာ လွတ်လွတ်လပ်လပ်ရှိရတော့သည်၊၊ အိမ်ထဲမှာဘဲ နေရတာ ပျင်းလာတာကြောင့် မေနှောင်းကို ရွန်နဲ့အတူ အပူကပ်ကာဖြင့် အပြင်သို့ ရန် ထွက်လာခဲ့သည်၊၊ ဦးလေး၏ လူတွေက အခုလောက်ဆို ရန်ကို ပိုက်စိပ်တိုက် ရှာဖွေနေမယ်မှန်း သိတာ မို့ အဝတ်အစား ထူထူပွပွတွေဝတ်ကာဖြင့် ရန် ရုပ်ဖျက်လာရသည်၊၊

အပေါ်က မာဗာရစ် ရဲ့ တီရှပ် အကြီးတစ်ထည်ကို ကောက်စွပ်လာခဲ့ပြီး အောက်ဘက်ကတော့ ညဝတ် ဘောင်းဘီ ကာတွန်းရုပ်တွေနဲ့ ချည်သားအပွ အကြီးအရှည်ကို တမင်ပင် ရွေး ဝတ်လာခဲ့သည်၊၊ စီးလာ သော ဖိနပ်ကလည်း အိမ်နေရင်းစီးသည့် သရေစိမ်း ကွင်းထိုးဖိနပ်ပင်ဖြစ်၏၊၊ ထို့ပြင် ရွန်ဆီကနေ မျက်မှန်တစ်လက်ငှားပြီးလည်း ကောက်တတ်လာခဲ့သေးသည်၊၊ ထို့ကြောင့် ရန် ပုံစံက အဝတ်အစားအပြည့်နဲ့ လူက ပျောက်နေလေသည်၊၊ တော်ရုံလူကတော့ ရန်ကိုမှတ်မိ နိုင်မည်မဟုတ်ပေ၊၊ ရန်ဒီလိုပုံစံမျိုးနဲ့ အိမ်ကစထွက်တုန်းကဆို ရွန်က ဘာလို့ ဒီလို့ဝတ်တာလဲ ဆိုပြီး သတိရတိုင်းခဏခဏ မေး၏၊၊ ရန် ကတော့ ဘာမှပြန်မဖြေဖြစ်ဘဲ ပြုံးသာပြုံးပြလိုက်သည်၊၊

My  Stranger   Husband   RICKWhere stories live. Discover now