အပိုင်း(၁၇)

667 29 0
                                    

"ဟဲ့ လုပ်ပါအုန်း ငါ ရှူးပေါက်ချင်တယ်"

"ခုနကတင် ပေါက်ထားတာလေဟယ်၊ အဝတ်အစားတွေမဝတ်ခင် ဒီလိုမဖြစ်အောင် ကြိုပေါက်ခိုင်းထားတာကို တကယ်ပဲ လာ လာ၊ မိခိုင် နင်က ပဝါစကိုကိုင်၊ ငါက ထမီနဲ့ ရေသီနား မစိုအောင်ကိုင်ပေးမယ်။"

ထိုင်မသိမ်းအင်္ကျီ၊ ချိတ်ထမီနဲ့ ဝတ်စုံပြည့်ဝတ်ပြီးခါမှ ရှူးပေါက်ချင်တဲ့ အစ်မတော်ကြောင့် သုံးယောက်စလုံး အိမ်သာထဲ လိုက်ဝင်ရတော့သည်။

သူ့ဘေး တစ်ဖက်တစ်ချက်က ပဝါကိုင်ကာရပ်နေသောခိုင်နှင့် ရေသီနားကို ကိုင်ကာရပ်နေသောဆုဆုကိုကြည့်ပြီး မိနိုးသဘောအကျကြီးကျနေတော့သည်။

"ဟီးဟီး ငါအခု မင်းတုန်းမင်းကြီးကို သတိရသွားတယ်၊ ရေအိမ်တော်ဝင်တာတောင် ရံ‌ရွေတော်တွေနဲ့ ဆိုတော့"

"ကောင်မ မြန်မြန်လုပ်၊ မျက်နှာပြောင်မနေနဲ့၊ ဟိုမှာ လျှောက်လမ်းထွက်ဖို့ လာခေါ်တော့မယ်"

စင်ပေါ်မှာ ထိုင်နေတော့လည်း သတို့သမီးမှာ ဣန္ဒြေမရ၊ စားပွဲပေါ်ရှိမုန့်ကို မျက်စပစ်ပြနေလို့ ခိုင့်မှာ ခပ်သွက်သွက်ယူ၍ကျွေးရသည်။

ဤသို့ဖြင့် နိုးနိုးတို့ရဲ့ မင်္ဂလာပွဲလေးမှာ အလွဲသေးသေးလေးများမှတစ်ပါး အမှားအယွင်းမရှိစွာဖြင့် အောင်အောင်မြင်မြင် ပြီးဆုံးသွားလေသည်။

နောက်ဆုံးမှာတော့ ဆုဆုတို့မျှော်နေသော အချိန်ကို ရောက်လာပြီ ဖြစ်သည်။ ဟိုတယ်ကစီစဉ်ပေးထားသော မင်္ဂလာသတို့သား၊သတို့သမီးတို့ ညအိပ်ရန်လက်ဆောင်ပေးထားသည့် အခန်းကို ၊အားလုံးထက် အရင်ကြိုဦးထားခြင်းဖြစ်သည်။

အခန်းဝတွင် စွမ်းနဲ့ပိုင်ကို ရွှေကြိုးတားတာဝန်ပေးခဲ့ပြီး ဆုဆုနှင့်ခိုင်က အခန်းထဲက ခုတင်မှာ စောင့်နေလိုက်ကြသည်။

"ရော့ကွာ တစ်ယောက် ၂သောင်းပေးမယ်၊ ဖွင့်ပေး"

"၅သောင်းပဲ၊ တစ်ပြားမှမလျှော့ဘူး‌ ကိုဇေ"

"အဲ့လောက်တော့၊ မလုပ်နဲ့လေကွာ ၊ အောက်မှာတွေလည်း ပေးလာတာ၊ အစ်ကို့လက်ထဲ ဒါပဲကျန်တော့တယ်ကွ"

ကျွန်မရဲ့ သစ်ရွက်လေးOù les histoires vivent. Découvrez maintenant