အပိုင်း(၂)

1K 28 0
                                    

"တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ၊ တို့ပြည်၊ တို့မြေ။ များလူခပ်သိမ်း၊ ငြိမ်းချမ်းစေဖို့ ပွင့်တူညီမျှဝါဒ ဖြူစင်တဲ့ပြည်၊ တို့ပြည် တို့မြေ"

လော်စပီကာ မှ ထွက်ပေါ်လာတဲ့ နိုင်ငံတော်သီချင်းသံကို ကြားလိုက်သည်နှင့် တပြိုင်နက်ခပ်သွက်သွက်လျှောက်နေသော ခိုင်၏ခြေလှမ်းများသည် တုန့်ကနဲရပ်ဆိုင်းကာ သတိစွဲ၍နေလိုက်ပါသည်။ လူကငြိမ်ငြိမ်လေး ရပ်နေသော်လည်း စိတ်ထဲတွင်တော့ အတန်းရှေ့ထွက်၍ ထိုင်ထလုပ်ရတော့ မည့်အရေးကို တွေးကာမအေးနိုင်ဖြစ်နေသည်။

ဒီနှစ်ဆိုလျှင် ခိုင်သည် နဝမတန်း (၉တန်း) ကျောင်းသူတစ်ယောက်ဖြစ်နေပြီဖြစ်သည်။
ကြီးကောင်ဝင်စ၊ အပျိုပေါက်မလေးအဖို့ အတန်းပိုင်ဆရာမ တီချယ်အေး၏ ကျောင်းနောက်ကျလျှင်ထိုင်ထ ဆယ်ခါလုပ်ရမည်ဟူသော စည်းကမ်းကို၊ ကျောင်းပထမဆုံးနေ့ အတန်းထဲ၌ တီချယ်ကြေငြာစဉ်ထဲက မနှစ်မြို့ခဲ့ပါ။ ခုတော့ ဒီတစ်ခါကံဆိုးသူမောင်ရှင်မှာ ခိုင်ကိုယ်တိုင် ဖြစ်ရချေပြီ။ ကျောင်းကားဆရာကြီးကိုလဲ မမေ့မလျှော့ လှမ်း၍ မေတ္တာပို့ပေးလိုက်သေးသည်။

"ဒါတို့ပြည်၊ ဒါတို့မြေ၊ တို့ပိုင်တဲ့မြေ။
တို့ပြည် တို့မြေ အကျိုးကို ညီညာစွာတို့တတွေ ထမ်းဆောင်ပါစို့လေ တို့တာဝန်ပေ အဖိုးတန်မြေ"

သီချင်းသံဆုံးသည်နဲ့ တပြိုင်နက်လက်ထဲက ဆွဲခြင်းလေးကိုကျစ်ကျစ်ပါအောင်ဆုပ်၊ ကျောပိုးအိတ်ကြိုးကိုပုခုံးပေါ် တစ်ချက်ဆွဲတင်ခါ၊ ဒုတိယထပ်ရှိ ကိုးတန်း(A) အခန်းလေးသို့ ‌ခြေကုန်သုတ်ပါတော့သည်။ မောမောနှင့် လှေကားတစ်တွေကို ပြေးတက်လာပြီး ကော်ရီတာအရောက် အခန်းဝမှာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့်အမောတွေပြေကာ ပြုံးပန်းဝေသွားပါတော့သည်။

"ဟဲ့ကောင်မတွေ ကြည့်လိုက်စမ်း၊ ငါ့ကိုသစ်ထူးပိုင်က သနားတဲ့အကြည့်လေး‌တွေနဲ့ ကြည့်နေတယ်"
ဆုက တိုးတိုးတိုးတိုးနှင့် ထိုင်ထလုပ်ရင်းပြော‌နေ၏။

"ထိုင်ထလုပ်လို့ မောရတဲ့အထဲ သူကတမျိုး၊ ငါတို့ကအိပ်ရာထ နောက်ကျလို့ ကျောင်းနောက်ကျတာ၊ နင်ကဘာလို့လဲ ခိုင်။ ဘာလဲ အတူတူ ထိုင်ထ လုပ်ဖူးတယ်ရှိအောင်လား ဟုတ်လား။ နောက်ရက်တွေ ဆက်ဂျွိုင်းရင်လဲ စိတ်မဆိုးဘူးသိလား"
ပြောင်စပ်စပ်ရုပ်နဲ့ နိုးနိုးကနောက်နေသည်။

ကျွန်မရဲ့ သစ်ရွက်လေးWhere stories live. Discover now