အပိုင်း(၁၅)

684 25 0
                                    

"ဒီမှာ ကြည့်ကြစမ်း" လက်ဖဝါးလေးကို ထောင်၍ လက်သူကြွယ်ရှိ လက်စွပ်ကို ပြနေသော နိုးနိုး၏ မျက်နှာမှာ ပြုံးရွှင်နေသည်။

"ဝိုးးးးဝိုးးးးဝိုးးး မိန်းမ တကယ်ကြီးလား၊ တကယ်ကြီးယူတော့မှာပေါ့"

"အွန်း ကိုဇေယျာက လက်ထပ်ချင်ပြီတဲ့"

"‌ဪအေး နင့်ဆန္ဒမပါဘူးပေါ့၊ နေအုန်း၊ ငါ ကိုဇေယျာကို ဖုန်းဆက်ပြောလိုက်မယ်၊ ကျွန်မသူငယ်ချင်းဆန္ဒမပါပဲ ဇွတ်အတင်း မစီစဉ်ပါနဲ့လို့" မိဆုက ပြောတော့ နိုးနိုးက ရယ်နေသည်။

"အဲ့တာ နင်တို့အတွဲတွေက အရံလုပ်ပေးရမှာနော်၊ ခုထဲက အချိန်ဖယ်ထားကြပေးအုန်း"

"ဒါဆို ငါတို့group nameလဲ ချိန်းရတော့မှာပေါ့နော် all Single Ladies ဘယ်ဟုတ်တော့မလဲ"

"မိနိုးတို့များ နောက်ငါးနှစ်လောက်ထိ မယူသေးဘူးလို့ပြောခဲ့တာ၊ ၅လတောင် မခံလိုက်ပါလားနော်"

"ဟဲ့နင်တို့ လူတွေကိုလဲ ပြောပြထားလိုက်အုန်းနော်၊ တော်ကြာ ငါ့ပွဲမှာ သတို့သားအရံ ထပ်ရှာနေရအုန်းမယ်"

"အဲ့လို လုပ်လို့ရမလား၊ ငါတို့ရည်းစားတွေနဲ့ပဲ တွဲမှာပေါ့"မိဆုက ပြောသည်။

"ဪ ဒါနဲ့၊ အောင်ကိုနဲ့ ရွှေရည်ဝင်း တွဲနေပြီတဲ့ သိလား၊ ဒီလိုဆိုတော့လည်း ငါတို့ အေခန်းက အတွဲတွေများသားနော်"

"အောင်ကိုဆိုမှ သတိရတယ်၊ ဟဲ့မိခိုင် အောင်ကို့ကျေးဇူး နင့်မှာရှိတယ်နော် သိလား"

"ဘာကျေးဇူးလဲ ငါလည်းမသိရပါလား"
"အော် စွမ်းထက်နဲ့နင် အီစီကလီလုပ်ပြီး အချိန်ဆွဲနေကြတုန်းက အောင်ကိုနင့်ကျောင်းကို လာလည်တယ်‌လေ၊ အဲ့ဒါကို စွမ်းထက်က ဂျေဝင်ပြီး ငါ့ဆီဖုန်းဆက်မေးတယ်၊ ငါလဲ နည်းနည်းကျပ်ပေးလိုက်တာ၊ အဲ့တော့မှ အလုခံရမှာစိုးပြီး ဖွင့်ပြောတာ နင့်လူက"
သုံးယောက်သား ရီလိုက်ကြသည်။
__________________________________

"ခိုင်၊ နင်တို့ဘယ်နားရောက်နေပြီလဲ"

"ပြည်တော်သာလမ်းနားရောက်နေပြီ"

"‌ဟုတ်လား၊ အဲ့တာဆို နင်တို့ အရင်သွားပြီး ကိုယ်တိုင်း တိုင်းထားနှင့်လိုက်၊ ဒီဇိုင်နာအစ်မကို ငါပြောထားပြီးသား၊ ဒီနေ့လာမယ်လို့၊ ငါတို့က ခုမှ ဟိုတယ်မှာ စရံသတ်ပြီးတာဆိုတော့ ဆယ့်ငါးမိနစ်လောက်ဆိုရောက်ပြီ၊ နင်တို့အတိုင်းပေးပြီးရင်ခဏစောင့်နေအုန်း၊ မုန့်စားမယ်၊ စားပြီး ဘုရားတက်ကြမယ်လေနော်။ Double dateကြတာပေါ့ ဟဲဟဲ"

ကျွန်မရဲ့ သစ်ရွက်လေးWhere stories live. Discover now