အပိုင်း(၅)

675 30 0
                                    

"စာမေးပွဲကြီးပြီးရင်တော့ဟာ နေဖင်ထိုးအောင်ကို အိပ်ပလိုက်အုန်းမှာ"

"ငါကတော့ ဝယ်ထားတဲ့ကိုရီးယားကားတွေကို မျက်လုံးကျွတ်ကျတဲ့အထိကြည့်မှာ၊ အခုလာနေတဲ့ အွန်စောကားလေ၊ချစ်စံအိမ် အဲ့ဒီ့တစ်ကားပဲပေးကြည့်ပါဆိုတာတောင်၊ မားမားက အခွေထွက်ရင် ဝယ်ထား‌ပေးမယ်ဆိုပြီး မကြည့်ခိုင်းဘူး ဟွန့်၊ ခိုင် နင်ရောဘာလုပ်မှာလဲ"

"စာအုပ်အဌားဆိုင်သွားပြီး တစ်နေ့ကို ဝတ္ထုဆယ်အုပ်လောက် ငှားဖတ်ပစ်မယ်"

စာမေးပွဲပြီးရင် လုပ်ချင်သည်များကို ပြောနေရင်းက၊ မုန့်စားတက်ခေါင်းလောင်းသံကြားတော့

"ဟဲ့ ဒီနေ့ Physics အမှတ်တွေပေးမယ် ပြောတယ်၊ အောင်မှတ်ရပါစေ အရှင်ဘုရား၊ တပည့်တော်ကို ဆရာချစ်ရဲ့ ကြိမ်လုံးအောက်က ကယ်မတော်မူပါ"

ခိုင့်၏ဆုတောင်းသံကြားတော့ ဟိုနှစ်ယောက်က အံ့ဩဟန်နဲ့ လှည့်ကြည့်ကာ

"ဒီတစ်ခါ စစ်တာ ခက်လို့လား"

"မခက်ပါဘူး၊ ငါတောင်ဖြေနိုင်သေးတယ်၊ နင်က ဘာလို့မရတာလဲ၊ Physicsနင်ကြိုက်တယ်ဆို"

"ဟင်းးးးး အရင်လတွေက ကျူရှင်ကကြိုသင်ထားတာနဲ့၊ ကျောင်းကနောက်တစ်ခေါက်ထပ် သင်တာပေါင်းပြီး အေးဆေးဘဲ၊ ခုလက ကျူရှင်က အဲ့အခန်းကျော်ပြီး နောက်ဆုံးခန်းသင်နေတာ၊ ငါ့မှာ ကျူရှင်ကစစ်မှာက တစ်ခန်း၊ ကျောင်းကစစ်တာက တစ်ခန်းဆိုတော့ ကွိတော့တာပဲ၊ မေမေ့ကိုကြိုပြောပြထားလို့ ဒီလ Physics ကျလည်းအိမ်ကကိစ္စမရှိဘူး၊ ပြဿနာက ဆရာချစ်ကြိမ်လုံးပဲ၊ ကျရင် လက်ကို ၃ချက်ရိုက်မယ်ပြောထားတာ"

‌ဪ အိမ်ကအမေတွေများပြောကြတယ်၊ ဒီအရွယ် စားပြီးအိပ်၊ အိပ်ပြီးစား အပူပင်ကင်းတယ်တဲ့.....ကိုယ်တွေ အပူ ကိုယ်တွေပဲသိတယ်။

"ခိုင်ခိုင်ဦး"
နာမည်ခေါ်သံကြောင့် ဆရာချစ်ရှိရာ အတန်းရှေ့စားပွဲခုံသို့သွားကာ အဖြေလွှာစာရွက်ကို ယူလိုက်သည်။ ထို့နောက် ထိုင်ခုံဆီပြန်လာတဲ့ လမ်းမှာတင်၊ စာရွက်ထိပ်လေးရှိ ရမှတ်ကို ငုံ့ကြည့်လိုက်ပြီးနောက် မျက်နှာက ပြုံးဖီးသွားသည်။ စိတ်ပူပြီး ခိုင့်ကိုလှမ်းကြည့်နေသော ဟိုမိန်းမနှစ်ယောက်ကို လက်မထောင်ပြလိုက်သည်။
ခုံမှာဝင်ထိုင်လိုက်ချိန် ရှေ့ခုံက ရွှေရီဝင်း စားပွဲပေါ်လက်တင်၍ မျက်နှာမှောက်ကာ ငိုနေတာမို့ သူ့အစား စိတ်မကောင်း ဖြစ်သွားသည်။
"မိန်းမ ဘယ်လောက်ရလဲ"
"၄၃၊ ရွှေရီသနားပါတယ်၊ သူစာဒီလောက်တော်တာ၊ ဘယ်လိုကျသွားလဲ မသိဘူးနော်"
ဟိုနှစ်ယောက်က ခိုင့်ကျောကို တအုန်းအုန်းထုကာ
"၈၀ မကျော်လို့ ငိုနေတာဟေ့၊ ၈၀ မကျော်လို့ ဟ၊ သိပြီးလား၊ လဒူရ"

ကျွန်မရဲ့ သစ်ရွက်လေးحيث تعيش القصص. اكتشف الآن