အပိုင်း(၁၁)

727 32 1
                                    

တစ်ပွဲပြီးတစ်ပွဲ ချလို့မပြီးဆုံးတော့သော ဟင်းပွဲများကိုကြည့်၍ ခိုင်က မျက်လုံးပြူးနေသလောက်၊ ကိုကတော့ အလွန်ကို ကျေနပ်နေဟန်ဖြင့်

"ခိုင် စား၊ ဒီဆိုင်ကဟင်းတွေကတအားကောင်းတာ၊ လာရတာဝေးနေလို့ အမြဲမလာဖြစ်တာ၊ လာတုန်းတော့စားချင်တာ အကုန်မှာလိုက်တယ်"

ခိုင်ကို့ကို ခပ်ယဲ့ယဲ့သာပြုံးပြလိုက်ရင်း ကုန်ပါ့မလား စိုးရိမ်မိသည်။
ထင်သည့်အတိုင်း ဟိုနည်းနည်း၊ ဒီနည်းနည်းသာ စားသည်။ ဟင်းတွေအများကြီးပိုနေသဖြင့်၊ ဆိုင်ကဝန်ထမ်းလေးကိုပိုတာတွေ ပါဆယ်ပြန်ထည့်ပေးဖို့ ပြောလိုက်သည်။

"ခိုင်ကလည်းကွာ၊ အလုပ်ရှုပ်အောင်၊ ဘာလို့ ပြန်သယ်လာတာလဲ၊ ခုတော့ ကားပေါ်မှာ ဆီတွေမဖိတ်အောင်ဂရုစိုက်နေရတယ်၊ ဟင်းနံ့တွေလဲနံကုန်ပြီ"

"‌ဪ၊ ဒီအတိုင်းထားခဲ့ရင်ဆိုင်က အမှိုက်ပုံးထဲထည့်လိုက်မှာလေ အလဟဿဖြစ်သွားမှာပေါ့၊ ခုလို ထုတ်လာတော့၊ လမ်းမှာလိုအပ်တဲ့သူတွေ့ရင် ပေးလိုက်လို့ရတာပဲ၊ ကုသိုလ်တောင်ရသေးတယ်"

"ကျစ်" အလိုမကျသလို၊ ကျစ်စုတ်လိုက်သံကြောင့်၊ ကို့ကိုခိုင်တစ်ချက် ကြည့်လိုက်သည်။ အိမ်ပြန်ရောက်လာသည်အထိ၊ နှစ်ဦးသားစကားမပြောဖြစ်ကြတော့ချေ။
___________________________________

"နေ့လည်ကကိစ္စ၊ ကိုတောင်းပန်တယ်
ဒါပေမယ့် ကိုယ်စားချင်လို့၊ မှာစားလိုက်မိတာ၊ မှားသွားလား"

ကိုပို့လိုက်သော Message ကိုကြည့်၍ခိုင် မျက်မှောင်ကျုံ့ရင်းက၊ စာပြန်လိုက်သည်။

"စားချင်တာစားခွင့်ရှိတယ် မမှားဘူး၊ စွမ်းကုန်အောင်မစားဘဲ၊ အများကြီးကျန်နေလို့၊ ခိုင် ပါဆယ်ပြန်သယ်တာကို ရှက်သလိုလို၊ မကြိုက်သလိုလိုလုပ်တာကိုတော့ စိတ်ဆိုးတယ်"

"အင်း ကိုလည်း စိတ်ဆိုးတယ်၊ ကို့ကားထဲမှာဟင်းနံ့တွေစွဲကုန်တာ၊ တကယ်မကြိုက်ဘူး၊ ခုတောင် ကားအတွင်းပိုင်း သွားဆေးမလို့"

နှုတ်ခမ်းကို ခိုင် မဲ့ရွဲ့ လိုက်ကာ "ကိုကြီးကျယ်"ဟု ရေရွတ်လိုက်မိသည်။
__________________________________

ကျွန်မရဲ့ သစ်ရွက်လေးWhere stories live. Discover now