အပိုင်း(၁)

2.6K 46 0
                                    

"တီတီခိုင်ရေ ဘယ်သူပါလာလဲကြည့်ပါအုန်း" မဇင် အသံကြားလို့ မေးခွန်းစာရွက်တွေ printထုတ်နေရင်းက လှည့်ကြည့်လိုက်သည်။

"ဟယ် မီးမီးလေး ပါလား၊ မေမေနဲ့ ကျောင်းလိုက်လည်တာလား သမီး"

ကြက်တောင်စည်းလေးစည်းကာ၊ ဂါဝန်ရဲရဲလေး ဝတ်ထားသော ချစ်စရာ ကလေးလေးက ခိုင့် ကို ပြုံးကာ ခေါင်းကို တစပ်စပ်ညိတ်ပြရင်း

"တီတီခိုင် မီးကလေ၊ မေမေ ချာသင်ရင် မချော့ပဲနဲ့ ငြိမ်ငြိမ်လေးနေမှာ တိလား"

ခိုင့်မှာ သူကလေးစကားကြောင့် ရယ်လိုက်ရင်း

"ဟုတ်လား၊ ကလေးက လိမ္မာလိုက်တာ မဇင်ရယ်"

"ဒီနေ့ သူ့အဖေက နာရေးတစ်ခုသွားစရာရှိလို့ ခေါ်လာရတာ၊ မျက်ခုံးကတော့ ခပ်လှုပ်လှုပ်ပဲ ခိုင်ရေ့"

အတန်းတွေ စချိန်ရောက်တော့ ခိုင်နဲ့မဇင် ကိုယ်စီအတန်းဝင်လိုက်ကြသည်။ ခိုင့်အတန်းက ဒီနေ့ chapter ended exam စစ်မှာဖြစ်သည်။ သင်တန်းချိန် ၂နာရီကို၊ တစ်နာရီစာသင်အပြီး
"ကဲ စာအုပ်တွေသိမ်းမယ်၊ အချိန်ကြပြီ"
"ဟာာာာာာ တီချယ်နောက်ရက်မှ စစ်လို့မရဘူးလား၊ နော်ချယ်"
"ဈေးဆစ်မနေကြနဲ့၊ အစောကြီးထဲက ကြိုပြောပြီးသား၊ တစ်ခန်းပြီးတိုင်း တစ်ခါ စစ်မှာလို့"
‌အတန်းထဲ ညီးသံပေါင်းစုံ ဆူညံ သွားသည်။
ခိုင် တစ်ချက်ခိုးပြုံးလိုက်ရင်းက

"တစ်ယောက်နဲ့တစ်ယောက် မတိုင်ပင်နဲ့၊ ခိုးမကြည့်နဲ့နော်၊ ယမင်း သူတို့ကိုသေချာ စောင့်နော်၊ အချိန်လဲ ပိုမပေးနဲ့ကြားလား၊ ကဲ အဲ့တာဆို တီချယ် ပြန်နှင့်မယ်"

ကျောင်းက staff ညီမလေးနှင့် လွှဲထားခဲ့ကာ ခိုင်ထွက်လာလိုက်သည်။
မီးမီးကိုတွေ့ချင်လို့ မဇင်အခန်းကို သွားကာ၊ တံခါးကို အသဟ၍ချောင်းကြည့်လိုက်တော့၊ မီးမီးက ‌စာသင်ခုံတွေကြား လျှောက်သွားနေခါ၊ ဘောပင်တွေယူကြည့်လိုက်၊ စာအုပ်တွေကိုင်ကြည့်လိုက် လုပ်နေတော့၊ မဇင်မှာ တဟဲ့ဟဲ့နှင့် သူ့သမီးကိုလိုက်ဆွဲကာ စာဖြောင့်ဖြောင့်မသင်နိုင် ဖြစ်နေသည်။ ကျောင်းသားတွေကလဲ သူတို့တီချယ်ကိုကြည့်ကာ ရီလဲရီချင်၊ ရီလဲမရီရဲ ဖြစ်နေကြသည်။
ခိုင်အခန်းထဲဝင်ကာ မီးမီးကိုလက်ဆွဲလိုက်ရင်း

ကျွန်မရဲ့ သစ်ရွက်လေးWhere stories live. Discover now