အပိုင်း(၁၀)

763 29 1
                                    

"ကို ခိုင့်ကို ချစ်တယ်"

မျှော်လင့်ထားခဲ့တဲ့ စကားကို
မမျှော်လင့်ထားတဲ့ အချိန်မှာ ကြားလိုက်ရခြင်းကြောင့်၊ မည်သို့တုန့်ပြန်ရမည်ကို မသိဘဲ အတန်ကြာ နှုတ်ဆိတ်နေမိသည်။
နားကြားမှားလေသလား၊ အိပ်မက်မက်နေသလား သေချာစေရန်၊ စွမ်းရဲ့ မျက်ဝန်းတွေကို မလွတ်တမ်းကြည့်ကာ အဖြေရှာနေမိသည်။ ညှို့ငင်နေသယောင် ဆွဲငင်အားပြင်းထန်လွန်းလှသော စွမ်းရဲ့ အကြည့်စူးစူးများက လက်တွေ့ဆိုတာကို သေချာနေစေသည်။ ခိုင့်နှလုံးသားအတွင်း၌ လိပ်ပြာတစ်ကောင် တစ်ဖျပ်ဖျပ်ပျံသန်းနေသလို ခံစားနေရသည်။

"ကို့ ကိုချစ်လား ဟင်" ထပ်မံ၍ဆိုလာသော တိုးဖွဖွ အမေးစကားကြောင့် ခေါင်းတစ်ချက်ညိတ်လိုက်မိသည်။
လက်ရှိခိုင့် အခြေအနေမှာ အိပ်မွေ့ချခံရသူနှယ်၊ အသိစိတ်ကင်းလွတ်ကာ၊ မသိစိတ်၏စေစားရာ အတိုင်းပြုမူနေမိသည်။
ခုချစ်ရေးဆို၊ ခုအဖြေတောင်းလို့ စိတ်ဆိုးရကောင်းမှန်းလဲ မသိ။ မိန်းကလေးပီပီ အချိန်ဆွဲ၍ စဉ်းစားပါအုန်းမည် ‌ဖြေဖို့လဲ သတိမရ။

ချစ်ရသူထံမှ ဖွင့်ဟလာသော ချစ်ခြင်းများကို ပြန်လည်တုန့်ပြန် အပ်နှင်းချင်စိတ်သာရှိသည်။

မေးလေးကို လက်နဲ့ ထိန်းကိုင်ကာမော့ကြည့်စေတော့ ရင်ခုန်သံတွေက ထိန်းမရအောင်မြန်လာသည်။ တဖြေးဖြေးနီးကပ်လာတဲ့ သူ့မျက်နှာကြောင့် ရှက်ရွံ့စွာဖြင့် မျက်လုံးများကို မှိတ်လိုက်မိသည်။

နူးညံ့ညင်သာသော အနမ်းများကြား အချစ်တွေပါနေတော့ အရာရာဟာ ချိုမြိန်နေသည်။
__________________________________

"အေး အဲ့တော့ ခု နင်နဲ့စွမ်းထက်က တရားဝင်ချစ်သူတွေ ဖြစ်သွားကြပြီပေါ့ ဟုတ်လား"
ဆုဆုရဲ့ အမေးစကားကို ပြုံးပြုံးလေးဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"အေး ကြိုက်မှပဲ၊ မဟုတ်ရင် နင်တို့အတွဲကုလားကား ရိုက်နေတာကြည့်ပြီး၊ ငါတို့ အသက်တိုလိမ့်မယ်။"

"နင်နဲ့ပိုင်ရော အဆင်ပြေလား၊ အဝေးရောက် ချစ်သူတွေဆိုတော့"
"အင်း ပြေပါတယ်၊ သူလည်း မကြာခင် ဒီလာတော့မှာ ဆိုတော့ အနီးရောက်လာတော့မှာ၊ အဲ့တော့မှ အနီးကပ် ချစ်ရ၊သတ်ရတာပေါ့ဟယ်၊
မိန်းမ ငါချလိုက်တော့မယ်၊ အလုပ်လုပ်စရာရှိသေးလို့"

ကျွန်မရဲ့ သစ်ရွက်လေးWhere stories live. Discover now