အပိုင်း(၆)

676 30 1
                                    

"မိဆု၊ နင်ဘယ်တော့ ပြန်လာမှာလဲ"

"ဆရာကန်တော့ပွဲ၊ မှီအောင်ချိန်နေတာ၊
ဝင်းကိုတို့က ပွဲလုပ်မယ့် ရက် အတိအကျပြောမှ ငါခွင့်တင်မလို့"

"မိနိုး၊ ငါပြန်လာတဲ့ရက်တွေတော့ နင့် ဘဲကိုကြိုပြောထားနော်၊ အကြာကြီးနေမှ သုံးယောက်ဆုံရမှာ၊ ခရီးတစ်ခုခုတော့ ရအောင်သွားကြမယ်နော်၊ နင်တို့နှစ်ယောက်ကတော့ အဲ့မှာ တူတူရှိနေတော့ တွေ့ရသေးတယ်"

ဆုဆုက ဆယ်တန်းအောင်ပြီးထဲက သူ့အစ်မနဲ့ အဒေါ်ရှိတဲ့ စင်ကာပူမှာ ကျောင်းသွားတက်ပြီး အဲ့မှာပဲ နေတော့တာဖြစ်လို့၊ တစ်နှစ်တစ်ခေါက်လောက်သာ ပြန်လာဖြစ်သည်။

မိနိုးက GTC တက်ပြီး၊ ခိုင်က ကွန်ပျူတာတက်သည်။ ရန်ကုန်မှာ အတူရှိနေလို့၊ မိနိုးနှင့်ခိုင် မကြာခဏတွေ့ဖြစ်သည်ထင်လျှင် အမှားကြီးမှားလိမ့်မည်။ သူငယ်ချင်းကိုတွေ့ဖို့ မပြောနှင့် သူရည်းစားနဲ့တင် အချိန်ပြည့်နေသောမိန်းမဖြစ်သည်။

"အမလေး မတွေ့ရပါဘူး၊ မိဆုရယ်၊ အဲ့မိန်းမက ever busy၊ သူ့ ဘဲဘဲနဲ့ပဲ လိမ့်နေတာ၊ ငါခေါ်ရင်မအားဘူးဆိုတာချည်းပဲ" ပြောရင်းနဲ့က နိုးနိုးရဲ့ ပထမဆုံးရည်းစား ကိုထိုက်ကို သတိရသွားသေးသည်။

"မိခိုင်၊ ငါ့ကို နင့် uniform ဌားစမ်းပါ"

"ဘာလုပ်ဖို့လဲ" "နင့်ကျောင်းလာလည်မလို့"

နှစ်ယောက်လုံးကျောင်းတွေက ယူနီဖောင်း ဝတ်ရသည်။ သူတို့ GTCက အဖြူနဲ့ နက်ပြာ၊ ကွန်ပျူတာက အဖြူနဲ့ ကြေးဥစိမ်း။

"ရော့၊ ဒါငါချုပ်ပြီး မဝတ်ရသေးတဲ့ အသစ်နော်၊ မပေစေနဲ့ ကောင်မ"

ကျောင်းလာလည်တဲ့ နေ့မှကိုယ့်ဆီလာတာမဟုတ်ဘဲ၊ သူ့ရည်းစားဆီ လာမှန်းသိရသည်။ သူ့ရည်းစားက second yrက စီနီယာဖြစ်နေ၍

"ဟဲ့ နင်က ဘယ်က ဘယ်လို ကွန်ပျူတာက လူနဲ့ကြိုက်သွားတာလဲ"မေးတော့ Gtalk ချက်ရင်း ကြိုက်သွားတာပါတဲ့။

Gtalkတွေ ခေတ်စားတုန်းက ခိုင့်မှာ အင်တာနက်ဆိုင်သွားလျှင်၊ သူတို့မီးစိမ်းနေရင် သူတို့နဲ့ပြော၊ လူမရှိရင်mailပို့၊ ပြီးရင် ကိုရီးယားမင်းသားပုံတွေ down ပြီးstickထဲထည့်၊ friendstar page က ဆုဆုပုံလေးတွေဝင်ကြည့်.......ထိုအလုပ်တွေသာလုပ်ခဲ့သည်မို့ မိနိုးလို gtalkတန်ခိုးနဲ့ ရည်းစား မရခဲ့ချေ။(အဲ့တုန်းက တစ်ယောက်လောက်ထားခဲ့ရမှာ😜)

ကျွန်မရဲ့ သစ်ရွက်လေးWhere stories live. Discover now