အပိုင်း(၇)

698 28 1
                                    

ဆရာ၊ ဆရာမတွေကို ကန်တော့ကြပြီးတော့ ဘူဖေးကျွေးတာမို့၊ စားစရာတွေယူပြီး ကိုယ့်ဝိုင်းနဲ့ကိုယ်ထိုင်၍ စကားတွေပြောမကုန် ဖြစ်နေကြသည်။

ခိုင် သူငယ်ချင်းတွေကို တစ်ချက်ဝှေ့ကြည့်ကာ စိတ်လိုလက်ရ ပြုံးမိသည်။

တစ်ချိန်က ခေါင်းကဆံပင်တွေကို ဒူးရင်းသီးလိုလို၊ ဘဲဖင်မြီးလိုလိုဖြစ်အောင် ဂျယ်ဖြင့်ထောင်၊ ပုဆိုးကိုချက်ပြုတ်ဝတ်ပြီး၊ ပီကယ်တဝါးဝါးနှင့်လမ်းသလားကြသည်မို့၊ မကြာခဏ တီချယ်အေး အော်တာခံကြရသော ချာတိတ်လေးများသည်၊ ခုတော့ ဆံပင်ကိုကျော့နေအောင်ဖီးလို့၊ စတိုင်ကျနေသော အမျိုးကောင်းသားများဖြစ်နေကြသည်။ အပျို မဖြစ်တဖြစ်အရွယ်က အမူပိုကာ အပျိုလုပ်ခဲ့ကြသော မြီးကောင်ပေါက်မလေးတွေကလည်း အပျိုကြီးစာရင်းဝင်သူကဝင်၊ အိမ်ထောင်ကျသူကကျ၊ သူတို့ထပ်တဆင့်မြင့်၍ အနန္တောအနန္တဂိုဏ်းဝင်အဆင့်သို့ တက်လှမ်းသွားသူ မေမေနှင့် မေမေလောင်းများ၊ အဖြစ်သို့ ပြောင်းလဲကုန်ကြပြီဖြစ်သည်။

ကိုယ့်အတွေးနဲ့ကို ပြုံးနေစဉ် 'ခိုင်ဦး' ဟု နောက်က ခေါ်လိုက်သံကြောင့် ကြည့်လိုက်တော့ အတန်းထဲမှာ ဗရုတ်အကျဆုံးစာရင်းဝင်သည့် အောင်ကို ဖြစ်နေသည်။

အေခန်း တစ်ခန်းလုံး သူ စတာ မခံဖူးသူရယ် မရှိပါ။ ပိုးဟပ်ပီကယ်(ပီကယ်ပုံစံ၊ အစလေးဆွဲလိုက်ရင် ပိုးဟပ်ရုပ်ထွက်လာသောအရုပ်)၊ ပင့်ကူရုပ်၊မြွေရုပ်၊ အိမ်မြောင်ရုပ် စုံအောင် ယူလာ၍ မိန်းကလေးတွေ စားပွဲပေါ်တင်ကာ စသည်၊ နှာချေဂမုန်းတွေ ဝယ်လာကာ တွေ့ရာလူ လိုက်တို့၍ မကြာခဏ ဒဏ်ပေးခံထိသော အောင်ကိုသည် ကလေးတွေကို အင်္ဂလိပ်စာ သင်ပေးသည့် ကျောင်းဆရာ တစ်ယောက် ဖြစ်လာမည်ဟု မထင်မိခဲ့ရိုး အမှန်ပင်။

"ဆရာကြီးပါလား၊ မတွေ့တာကြာပြီနော်၊ အဆင်ပြေတယ်မှတ်လား" ခိုင်ကအရင်ဦးအောင် နှုတ်ဆက်လိုက်တော့

"နင်လဲ ဆရာမပဲဆို၊ မြတ်နိုးတို့ပြောတော့၊ ဘာတွေသင်လဲ"
"စာရင်းကိုင် ဘာသာရပ်တွေသင်တယ်၊ အလွယ်ပြောရင်တော့ LCCI‌, ACCA သင်တယ်ပေါ့ဟယ်၊ ရော့ ဒါငါ့ကဒ်၊ အဲ့ကျောင်းမှာ ခုလုပ်နေတာ၊ လမ်းကြုံရင် ဝင်လည်ပေါ့"
ကဒ်ကို သေချာကြည့်ရင်း

ကျွန်မရဲ့ သစ်ရွက်လေးWhere stories live. Discover now