အပိုင်း။၄၄။၄၅။၄၆။

2.3K 210 146
                                    

"ခူရှီးယေးးးးး"

မိုးလင်းတာနဲ့စညံနေပြီဖြစ်သော
အိမ်ငယ်လေးဟာအခုလည်းအော်သံဟစ်သံတွေနဲ့စလို့နေခဲ့ပြီ

ဘာကြောင့်ဆိုခူရှီးဟာ
အအိပ်မက်နေတဲ့နိုးရခက်သောအသေးလေးအားထားကာမနက်စာသွားစားခဲ့ပြီမဟုတ်ပါလား
အဲ့ဒီတော့အခုမှနိုးလာသူဟာတသကုန်အော်ဟစ်ကာသောင်းကျန်းနေလေပြီ

......

ဒီတော့ဖြစ် သူကပဲ ချော့မော့ကာရေချိုးဖို့ပြောကာမနက်စာလိုက်ဝယ်ကျွေးမည်ဟုပြောမှရစ်တာကိုတိတ်တော့ကာရေပြေးချိုးတော့၏

အခုတလောမြို့တော်ဝန်ဟာချောင်းနားကမာမူကြီးနဲ့ဟင်းစားတချို့အားဒီနယ်ကအင်းတချို့မှာလိုက်ပက်ကူရင်းငွေရှာထားတာ အနည်းငယ်ရထားသည်မဟုတ်လား၊ ယောက်ကျားဆိုတာလက်ထဲငွေရှိနေမှတင့်တည်သည်ဟုတွေးတတ်သူမို့ သူ့လူတောင်းစားမယ့်မုန့်ဖိုးကို ငါးဖမ်းပုဇွန်ဖမ်းအင်းပက်နဲ့ရှာဖွေနေတတ်ခဲ့ပြီ

ရွာခံတွေကလည်းစိတ်ကောင်းရှိလှသူမို့သူနဲ့မာမူကြီးစျေးမှာသွားရောင်းရင်ပိုအားပေးကြကာ
ချီးကျုးတတ်သေး၏
ငွေရှာတာရှက်စရာမဟုတ်တာမို့
မရှက်လှ အဓိကကသဲငယ်လေး
မုန့်ဖိုးနဲ့ဆန်ဆီဝယ်ဖို့ရသည်မဟုတ်လား

ခေတ်မှီတဲ့နိုင်ငံတနိုင်ငံရဲ့မြို့တော်ဝန်ဟာတောရွာဇနပုတ်မှာငါးတွေပုဇွန်တွေရောင်းပြီးကြင်သူမုန့်ဖိုးရှာနေတာလို့ပြောရင်ယုံကြမည်တောင်မဟုတ်

သို့သော်ဒါဟာတကယ်သာ...

=====

"အဖိုးကြီး ငါအကြော်စားချင်သေးတယ်"

"နိုင်သေးလို့လားသဲငယ်လေးရ"

"နိုင်တယ်နိုင်တယ်ဘာလဲ
ငါ့ကိုမသထာတာမလား"

"မဟုတ်ဘူးနော်ကိုယ်ကခလေးအစာမကြေဖြစ်မှာဆိုးလို့ပြောတာပါကွာ စားပါကိုယ့်မှာပိုက်ဆံပါပါတယ်..ရော့..."

"ပြီးရောအ့ဆိုသွားဝယ်ပြီ"

သူကမ်းပေးလိုက်တဲ့မုန့်ဖိုးအားယူကာတဖက်ဆိုင်ကိုကူးသွားပြန်ပြီဖြစ်သောချစ်ရသူ

အခုထိခလေးစိတ်နဲ့စားချင်တာစားကစားချင်သလိုကစားနဲ့
အင်းလေငယ်ဘဝလေးမှာ
ကိုယ်မှားခဲ့တဲ့အပြစ်တွေကြောင့်
ခလေးကနာကျင်စွာရှင်သန်ခဲ့ရရှာတာ

မျဥ်းပြိုင် (Completed)Where stories live. Discover now