အပိုင်း။၂၄။

3.3K 441 440
                                    

အချစ်တွေက နာကျင်စေရုံသီးသန့်တဲ့

ဟုတ်လောက်မယ်ထင်တယ်
တကယ်ချစ်မိသွားပြီးရင်
နာကျင်ရုံကလွှဲရင်ထဲဘာမှမကျန်တတ်တော့လို့....

====== မျဥ်းပြိုင်=====

"ကိုကို..."

"ဟဲ့ရောင်နေခြည်ဟိုမှာAngelရောက်လာပြီ"

နေခြည်က ကျောပေးထားတော့မမြင်ပေမယ့်
အသေးလေးကမြင်တာမို့လှမ်းပြောပေးနေ၏။
..
..
တကယ်ပါပဲ Angelဗိုက်က
တော်တော်လေးသိရနေခဲ့ပြီ....

နေခြည်ကတော့ မတ်တပ်လေးရပ်ကာ
ကျောက်ရုပ်လိုတောင့်နေခဲ့သည်။
ဘာနေနေပါလေ...ကိုယ့်ခလေးဆိုသည့်အသိက
သူ့ကိုရူးစေသည်မဟုတ်ပါလား...

ကိုယ့်လိုနောင်တတွေနဲ့တော့နေခြည့်ကိုမရှင်သန်စေချင်
သေချာပေါက်ဒီမိသားစုလေးပေါင်းစည်းရမည်။
အစွမ်းကုန်လည်းကူညီမည်...။

"ဟေ့ရောင်သွားကြိုလေ..သူ့ခမျာ
အထုတ်တွေနဲ့ "

"ဟင်..အင်းအင်း"

ထိုသို့ပြောမှအသိပြန်ကပ်ကာ
Angelကိုင်လာသောအထုတ်တွေကို
သွားဆွဲပေးနေ၏

"Angelကကွာ ဘာတွေ ဒီလောက်
သည်လာရတာလဲ...မပေါ့မပါးနဲ့ကို
ခလေးတစ်ခုခုဖြစ်မှဖြစ်ကွာ..."

"ကိုကိုစားဖို့ဟင်းတွေယူလာခဲ့တာလေ...
ကိုကို့ကိုကျွေးချင်လို့ပါ"

"ဒီလင်မယားငါ့ရှေ့သိပ်ကဲနေကြတာနော်
မပြောချင်ဘူး"

"ဟီးး
အဲ့လိုမဟုတ်ပါဘူးနော်
အကိုjiminလည်းထိုင်လေ...
Angelလုပ်လာပေးတဲ့မုန့်တွေစားပါအုံး"

"အင်းအင်း စားရမှာပေါ့...
သူငယ်ချင်း မိန်းမလုပ်ပေးလာတာဆိူတော့"

""အသေးလေးးး အဟမ့်"

သူ့ထက်ပိုတတ်ကြွနေတဲ့အသေးလေးကို
နေခြည် ကပါသတိပေးနေရတော့၏။
...
အသေးလေးက်ုကြည့်ရတာ...ခလေးကြောင့်
သူ့ကိုနောင်တမရစေချင်ပုံ

"ဘာတွေလဲကွာ အများကြီးပဲ
Angelပင်ပန်းတာပေါ့..."

"မပင်ပန်းပါဘူး အိန်ဂျယ်ကဝါသနာပါလို့ကို"

"မင်းကတော့မိန်းမရကံကောင်းပြီဟေ့
ကြည့်ပါအုံး အရံဟင်းတွေကလညိးတပုံ
...
...ဒါနဲ့Angelအခုဘယ်မှာနေလဲ"

မျဥ်းပြိုင် (Completed)Where stories live. Discover now