အပိုင်း။၃၄။

3.1K 451 107
                                    


"ဟိုလူကြီး ဘန်အတွက်
ပစ္စည်းတွေဝယ်ရမယ်"

"အင်းး ကိုယ်သိတယ် "
....

သူ့ကိုပင်မကြည့်ကာ
ဒိုဘာမင်ပေါက်လေးကို
ကိုယ်ပေါ်တင်ပြီးတသသဖြစ်နေသော
အသဲလေးကိုကြည့်ပြီး
ထိုခွေးပေါက်လေးကိုပါမနာလိုဖြစ်မိ၏
...

အခုမှရောက်လာတဲ့ကောင်က
ပိုအချစ်ခံနေရတာမဖြစ်သင့်ဘူးမဟုတ်လား

ကိုယ့်ကိုခိုင်းဖို့အမိန့်ပေးနေတာတောင်
မျက်နာကိုတချက်ပင်မကြည့်..

ထိုလောက်ထိလူကိုအလေးထား၏။

ဒါပေမယ့် အပြစ်တော့မမြင်ရက်

ကိုယ့်အခြေနေက ဒီခလေးဘာလုပ်လုပ်
အပြစ်မြင်ရလောက်တဲ့အထိ
သန့်ရှင်းမနေဘူးလေ...

ဒီခလေးဘဝတဆစ်ကျိုးခဲ့ရတာ
ကိုယ့်မဆင်ခြေမူ့တွေကြောင့်မို့..
ဒီခလေးပေါ်ပိုလို့ပင်ဂရုဏာသက်ရ
မြတ်နိုးနေရရုံကလွှဲ
ဘာကိုမှမစွမ်းသာတော့တာမို့...
ဒီခလေးဘာပဲလုပ်လုပ်
ထားခဲ့ခံရတာကလွှဲကျန်တာ
အကုန်ကျေနပ်နိုင်တာမို့
အားလုံး ကိုလိုက်လျှောနေမိမည်သာ..။

"ရှေ့မှာ pet shopတစ်ခုတွေ့တယ်
ဆေးခန်းလည်းတွဲပါတော့
အဲ့ထဲဝင်မလား သဲငယ်လေး"

"အင်းဝင်လိုက်... ဘန့်ကို
ဆရာဝန်နဲ့ပါတစ်ခါထဲပြလိုက်တာပေါ့..."

"အင်းအင်းအဲ့တာဆို
အဲ့ဒီပဲသွားကြတာပေါ့"

ရှေ့မီးပွိုင့်နားကpet Shopဆီကို
ဝင်နေသောကား....

ထိုစဥ်phကလည်းဝင်လာ၏
Noကိုလှမ်းကြည်ချိန်
အံကိုတင်းခနဲကြိတ်မိရင်း
steering wheelကိုကိုင်ထားတဲ့
လက်ကတင်းခဲသွားရ၏

"ဘယ်သူလဲ ကိုင်လိုက်လေ"

ဘန့်ကိုပွေ့ရင်းphကိုလှမ်းကြည့်ကာ
ကိုင်ဖို့ပြောလာတဲ့အကြမ်းလေး

"အရေးမကြီးဘူး ဒီအတိုင်းထားထားလိုက်"

"ပြီးရောလေ!!"

အသံတွေကရုတ်တရပ်မာနေတာမို့
သူလည်းဘာမှအများကြီးမပြောတော့ကာ
ခွေးလေးကိုပိုက်ပြီး ဆေးခန်းထဲသို့
ဝင်သွားတော့၏။

မျဥ်းပြိုင် (Completed)Where stories live. Discover now